အခန်း(၅)

20.2K 2.2K 138
                                    

Zawgyi

"Happy Birthday ငါ့တူလေး ပိုင်ရှင်"

ညသန်းခေါင် ဆယ်နှစ်နှစ်နာရီကြီး အခန်းတံခါး လာခေါက်၍ ဘာအရေးကြီး ကိစ္စလဲဟု ထဖွင့်ပေးမိသည်။ ပိုင်ရှင် မေ့နေခဲ့တာ မနက်ဖြန် 26ရက်နေ့ ပိုင်ရှင့် မွေးနေ့ပဲ။

ဦးနွေက တာဝန်မပြတ် ဆယ်နှစ်နှစ်နာရီတိတိ မွေးနေ့ကိတ်နဲ့ မွေးနေ့ဖယောင်းတိုင် မှုတ်ပေးနေကျ။

"မနက်ဖြန် ရှမ်းခေါက်ဆွဲ လုပ်ကျွေးပါ ဦးနွေ နော်နော်"

လူကောင်ကြီးနဲ့မှ မလိုက် ရင်ခွင်ထဲ တိုးကာ
တင်းတင်းဖက်၍ ကိုယ်ကို လှုပ်ယမ်း တောင်းဆိုသည်။

မွေးနေ့ဆို ပိုင်ရှင် စားချင်တဲ့ အစားစားကို ဦးနွေ လုပ်ကျွေးသည်။ ရှမ်းစပ်ဖြစ်တဲ့ ပိုင်ရှင်ကလည်း ဦးနွေ လုပ်ကျွေးတဲ့ ရှမ်းခေါက်ဆွဲကို သာတောင်းဆိုသည်။ တူရီးနှစ်ယောက်အတွက် အလုပ်ရှုပ်တဲ့ အစာတွေ လုပ်မစားဖြစ်။ မွေးနေ့ရောက်မှသာ အခွင့်အရေး ယူရတာမလား။

"ဖယောင်းတိုင် အရင် မှုတ်ပါဦး ကလေးလို ချွဲမနေနဲ့"

ဖယောင်းတိုင် မှုတ်၍ ဆုတောင်း ရတာမျိုး ပိုင်ရှင် ပျော်သည်။

ဆုတောင်း ဆိုတာမျိုးက မပြည့်မှန်း သိပေမယ့်
တောင်းရတဲ့အချိန် ပြည့်တော့မလို စိတ်ချမ်းသာ ရသည်လေ။

မွေးနေ့ကိတ် ခွဲပြီး တစ်စိတ် ခွဲယူကာ ဦးနွေကို ခွံကျွေးလိုက်သည်။ ပြီးခဲ့တဲ့ အတိတ်တွေမှာတော့
မေမေနဲ့ ဖေဖေ့ရဲ့ မွေးနေ့ဆုတောင်းစကားတွေ ကြားရသည်။ မိသားစု လေးယောက်  ခရင်မ် များနှင့် ညစ်ပေခဲ့ရ၍ ညကြီးအချိန်မတော် ရေချိုး ခဲ့ကြသည်။ ဒီနေ့ မေမေနဲ့ ဖေဖေ ကြားထဲမှာ အိပ်မယ် ဆို၍ ကလေးဆန်ခဲ့ဖူးသည်။

အချစ် အချစ်တွေများခဲ့တဲ့ မိသားစုလေးဟာလေ။
ဘယ်အရာမျှ သာမာန်ထက် လွန်တာ မကောင်းဟု
ပိုင်ရှင် သတ်မှတ်ခဲ့သည်။ အချစ်များခဲ့ရင်လည်း
ဆက်မတွေးချင်တော့ နာကျင်စရာ အတိတ်တွေရဲ့ အစဟာ ထူးဆန်းစွာပဲ မုန်းခြင်းမပါတဲ့ အချစ်လွန်ခြင်းတွေ။

"လိုင်းဖွင့်ထားဦးလေ ပိုင်ရှင် မင်းမေမေ Vedio Callခေါ်မှာ မလား"

ညီပိုင်ရှင်(complete)Where stories live. Discover now