Zawgyi
မနေ့က ရွှေတိဂုံသွား၍ အောင်မြေနင်းရန် ဦးနွေနဲ့ တိုင်ပင်ထားပြီး လမ်းတွင် ဦးနွေရဲ့ ကိစ္စထိပ်ဝရောက်ခြင်း ပြဿကြောင့် ဈေးပြေးခဲ့ရသည်။ လူက အဲ့ဒီကတည်းက စိတ်မကြည်ချင်။
ဈေးထိပ်က တွေ့ခဲ့တဲ့ အရှုပ်ထုပ် ။သူ့အထုပ်ကို
ယုံကြည်တဲ့လူ ရှာပေးနေရလို့ လူက နောက်ကျခဲ့ရတာကို ဒင်းက ကျေးဇူးမတင်ဟိုဟာလှန်ပြ စကားဆို သွားသေးသည်။ဘာတဲ့ မိဘတွေ မသင်ထားဘူးလား...
"တောက်..."
ဒေါသကြောင့် ထွက်သွားတဲ့ တောက်ခေါက်သံကြောင့် ဦးနွေက ကော်ဖီချပေးရင် အလန့်တကြား လှည့်ကြည့်သည်။
"လူငယ်လေး ဖြစ်ပြီး ပိုင်ရှင်ရာ။ ဒေါသလေးလျှော့၊
မျက်နှာထားကြောလည်းလျှော့ ၊အဲ့လိုတွေ လုပ်လွန်းလို့ မေးစေ့က ချစ်မွှေးအချိုင့်လေးတောင်
မင်းကို မကူနိုင်မကယ်နိုင်ဖြစ်နေပြီ။ ဘယ်သူ့မေးမေး ပိုင်ရှင်ဆို ကြောက်ပါရဲ့ ဖြစ်နေကြတာ"ဦးနွေ ပြောလည်း ပြောချင်စရာ မနေ့က ဘုရားမသွားဖြစ်ဘဲ အိမ်ပြန်လာတည်းက ဒေါသက ထွက်နေခဲ့တာက အခုထိ မပြီး။
ပိုင်ရှင်တို့ တစ်ထပ်အိမ် တိုက်ပု အစိမ်းရောင်လေးတွင် ဦးနွေနဲ့ ပိုင်ရှင် နှစ်ယောက်တည်းသာ နေသည်။ ယောကျာ်းလေး
နှစ်ယောက်နေတဲ့အိမ် ရှုပ်ပွနေမယ် ထင်ရင် အမှားကြီးမှား လိမ့်မည်။ ဧည့်ခန်းက သပ်သပ်ရပ်ရပ် ပန်းအိုးမတင်ထားတဲ့ စားပွဲနဲ့ စာအုပ်မျိုးစုံစီထားတဲ့ နံရံကပ် ဘီရိုကြီးသာ ရှိသည်။မီးဖိုခန်းမှာ တစ်လက်ကိုင်ဖြစ်၍
သန့်သန့်ရှင်းရှင်း။တစ်အိမ်လုံးတွင် ရှုပ်ပွတဲ့အခန်းကတော့ ပိုင်ရှင့်အခန်း ကျောင်းကပြန်လာရင် ဂိုက်သင် ကျောင်းအားတဲ့အချိန် သင်တန်းသွား နည်းနည်းအားတဲ့အချိန် စာဖတ်နေတတ်သည့်
ပိုင်ရှင့်အတွက် အခန်းရှင်းချိန်မရ မျက်မှန်ကို
လျှော်ရမည့် အဝတ်ပုံထဲက ဖြဲရှာရတဲ့ အခြေအနေ
ဦးနွေ အားလို့ ရှင်းပေးမှ ကြည့်ပျော်ရှုပျော်
ဖြစ်သည်။ဦးနွေက သပ်သပ်ရပ်ရပ်နေသည်။ ခေတ်မီသည်။
တွေးပေးတတ်သည်။ စည်းကမ်းရှိသည်။ ချုပ်ချယ်တာမျိုးတော့ မရှိ။ ကိုယ်ပိုင် ရွေးချယ်ခွင့်ပေးသည်။ လွှတ်မထား လမ်းကြောင်းလွဲရင် တည့်ပေးဖို့ အသင့်ရှိတတ်တဲ့သူမျိုး။ သူငယ်ချင်းပေါင်း ပေါင်းနိုင်သည်။ လေးစားသမှု ရှိအောင်လည်း
နေသည်။ မိဘတွေ....မိဘတွေကတော့........
YOU ARE READING
ညီပိုင်ရှင်(complete)
RomanceZawgyi ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများကြပါတယ်။ ကျွန်တော့်ထက်အရင်ရေးခဲ့စီနီယာတွေအကုန်ကို Creditပေးပါတယ်။ Unicode ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများက...