အခန်း(၂၁)

15.1K 1.5K 107
                                    

Zawgyi

"ရှင်...."

"ဟုတ်တယ် သမီးရယ် အန်တီချိုလည်း အားနာပါတယ်။ သူစိမ်းတွေဆိုတော့လည်းလေ။ ကလေးတွေ အိမ်ရအောင် စောင့်ပေးပါ ပြောထားရတာ။ အိမ်ရတယ် သတင်းလည်းကြားရော ငွေချေမယ် တခဲခဲ လုပ်နေတာ၊ သူတို့လည်း အိမ်ဆောက်ရပြုရဦးမှာလေ"

"ဖေဖေက ရောင်းပြီးသားဆို အန်တီချိုရယ် သမီးလက်မှတ် လိုသေးလို့လား။ "

"ငွေက လေးပုံပုံ တစ်ပုံလောက် ကျန်သေးတာ၊ အကုန်ချေပြီးမှ လက်မှတ်ထပ်ထိုးရမှာပေါ့"

"ဟုတ်ကဲ့ပါ.."

အန်တီချိုက အားနာတစ်ဝက်နှင့် မဖြစ်မနေလုပ်ရမည်ကို စကားဦးသန်း၍ ဆိုသည်။အမှန်တော့ အန်တီချို တာဝန်ကျေပါတယ်။ ငှားဖို့ အိမ်ကိုလည်း ဈေးသက်သက်သာသာနဲ့ ရအောင် အပင်ပန်းခံ ရှာပေးတယ်။ အိမ်ဝရောက်မှစောင့်ကန်သလို စိတ်ကလေး အနားယူမယ် ကြံမှ ပိဿလေးဘေးပစ် ပြောချလိုက်တာက လွဲလို့ပေါ့။ ဖေဖေက အိမ်ကို ရောင်းသွားခဲ့ပြီတဲ့။ မေမေရော သိရဲ့လား။

________________________________

အဖြစ်က ရယ်ရသည်။ ဟာသတွေ့၍လည်း မဟုတ်။ ဟားစရာလည်း မဟုတ်ပေမယ့် ညီ ခြောက်ကပ်ကပ်ကြီးကို ရယ်ချပစ်လိုက်သည်။

"အန်တီချို အိမ်တွေ အသဲအသန်ရှာပေးနေတာ ငွေချေဖို့နဲ့တူတယ်။ ဒါမှ သူ့အကြွေး သိန်းငါးဆယ် ရမှာလေ"

မောင်နှမနှစ်ယောက် လက်မှတ်သွားထိုးပြီး အပြန်လမ်းမှာ ပြောဖြစ်ကြခြင်း။ မမက လငပုပ်ဖမ်းသည့် မျက်နှာထားမျိုးနှင့် သက်ပြင်းရှည်ကြီး ချပြီးမှ

"သေချာလိုက်လုပ်ပေးတာပဲ ကျေးဇူးတင်ရမှာပေါ့ဟယ်၊ သူလည်း သူ့ပိုက်ဆံ လိုချင်မှာပေါ့"

အိမ်ရှေ့ရောက်တော့ ဖွားဖွားကို တွေ့သည်နှင့် ဘာမှ ဆက်မပြော ဖြစ်ကြတော့။ဖွားဖွားလည်း စိတ်ထောင်းလို့ကိုယ်ကြေ ဆေးရုံက ဆင်းပြီးနောက်ပိုင်း ကျန်းမာရေး ခြူချာလာသည်။ အစားမဝင်၍ အားဆေးသွင်းရသည်မှာ သုံးရက်ခြား တစ်ခါလောက်တော့ ရှိမည်။

"ကလေးတို့ ရောက်ပြီဆို ဖွားဖွား အိပ်တော့မယ်ကွယ်"ဟု ပြောရင်း အိပ်ခန်းထဲ ဝင်သွားသည်။

ညီပိုင်ရှင်(complete)Where stories live. Discover now