အခန်း(၄၅)

13.9K 1.1K 53
                                    

Zawgyi

အဂ်လိပ်သီချင်းမှ ဒီ​ဂျေသံက ဆိုင်ထဲမှာ ဆူဆူညံညံ ဝုန်းဒိုင်းကြဲ​နေသည်။ ​ကောင်​လေးတစ်​​ယောက်က ညီ့​ရှေ့မှာ အနီ​ရောင် ခွက်ငယ်​လေး လာချ​ပေးသည်။ ​ကော့​တေးဖြစ်၍ ညီ့အတွက် ​ပျော့လွန်း​​နေ၏။ ဒါ ပရိုမိုးရှင်းခွက် ဖြစ်မှန်း ​သောက်​နေကျ ​ဖောက်သည်ကြီး ညီက တန်းသိသည်။

ခဏကြာမှ ​ကောင်မ​လေးတစ်​ယောက် ညီမှာ​နေကျ ပုလင်းနှင့် ​ရေခဲခွက် လာချ​ပေးသည်။ ​ခွက်လှမ်းယူရာမှ လက်ဖျားချင်း ခက်မိသွားသည်ကို 
ကောင်မ​လေးက မသတီသလို အတင်းရုန်းသည်။ ရုန်းစရာပင်။ မသတီ စရာပင်။ အဖြူကျို့တိုကျဲတဲ့ ​ရောယှက်​နေတဲ့ ဆံပင်ရှည်ကြီးနှင့် ​လေး၊ငါးလ ​နေမှ တစ်ခါရိတ်ဖြစ်သည့် မုတ်ဆိတ်​မွှေးတို့ပါ ​ပေါက်​နေသည့် ဦးညီ​တေဇက အရင်လို ​လေးစားခံ့ညားမှု​တော့ ဘယ်ရှိ​တော့မည်နည်း။ ဒါ​တွေ ညီ ​ဗွေမယူပါ။ စိတ်လည်း မဝင်စား​တော့တာ ကြာပြီ ဖြစ်သည်။

"လုပ်​နေပြန်ပြီ။ လုပ်​နေပြန်ပြီ။ မင်း ဒီလိုပဲ ဆက်​နေ​ဦးမှာလား"

ဇေသုခအသံ ​​ကျောချမ်းစရာ ​ကျောဘက်မှ ​ပေါ်လာသည်။

"ဒီလိုမ​နေလို့ အများသူငှာ ​အေး​အေး​ဆေး​ဆေး ​သောက်​နေတဲ့ဆိုင်မှာ ငါက ထဒွန့်​နေရမှာလား"

"မင်း​​သောက်​သောက်စားစား လူငနွားကြီးပဲ ဆက်လုပ်​နေမှာလားလို့ ​မေး​နေတာ။ ​မေတ္တာတုံးကြီးရ"

"​သောက်​​​လေ ​သောက်​လေ အသက်ရှည်တဲ့။ ဒါ​လေးနဲ့ အသက်ဆက်​နေရတာကို မင်းကလည်း"

ညီက ခွက်ကို ​မြှောက်ပြရင်း ​နောက်တစ်ငုံ ထပ်​မော့လိုက်သည်။

"​အေး ဆက်လုပ်။
နိဗ္ဗာန်ကို ရက်တိုအတွင်း ​ရောက်မှာ​လေ
မင်းက"

"မင်းသိရင် ပြီး​​ရော။ မင်းသိရင် ပြီး​​ရော"

"ဦး​ကျော်သူရဲ့ နိဗ္ဗာန်ယာဉ်ကြီးထဲကို ​ပြောတာ။
အ​ကောင်း​ပြောတယ်များ ထင်​နေလား"

"ဘယ်​ရောက်​ရောက်ကွာ။ ​နေရာသစ် တစ်ခုခုဆီ
မြန်မြန်​ရောက်သွားရင် ​ကောင်းမယ်"

ညီပိုင်ရှင်(complete)Where stories live. Discover now