Zawgyi
အရှေ့ဘက်လှည့် အိမ်ဖြစ်၍ နေပြောက်က မျက်နှာကြပ်မှ အတင်းတိုးဝှေ့လာသည်။ တိုးတိုးလေး မြည်လာသည့် နှိုးစက်သံကြောင့် ညီ မထချင် ထချင်နှင့် ထရတော့မည်။
နှာခေါင်းဆီသို့ သင်းသင်းကလေး ဝင်လာသည့် ခေါင်းလိမ်းဆီ ရနံ့လေးကို အားမလိုအားမရနှင့် ဆံနွယ်တွေကို ဖိကပ်နမ်းရှိုက်မိသည်။
အရပ်ကြီးနဲ့မှ မလိုက် ညီ့ရင်ခွင်ထဲ ကွေးကွေးလေး တိုးဝင်အိပ်နေသူရဲ့ နဖူးပြင်လေးကိုပါ ဖွဖွလေး နမ်းလိုက်သည်။ဆံနွယ်ဖြူလေးက နဖူးပေါ်ဝဲကျလျက်
ရှိနေသည်မှာအဖြူရောင်တိမ်လိပ်လေးနားက နတ်သမီးချည်မျှင်လေးနှင့်ပင် သဏ္ဍာန်တူနေသည်။ ကလေးတစ်ယောက်လို အပြစ်ကင်းစင်လှသည့် မျက်နှာလေးက ညီ့အတွက် ဘဝအမောပြေကလေး အဖြစ်ရှိနေပေးတာ ကျေးဇူးတင်စရာ ကောင်းလှသည်။ဘေးကုတင်မှ တူးတူးရဲ့ အီသံလေး ကြားလိုက်ရသည်။ အိပ်ရေးပါးလွန်းတဲ့ ဒီကလေး ဆက်ခနဲ ခဏနိုးသွားတာ ဖြစ်လိမ့်မည်။ ခုနှစ်နာရီပဲ ရှိသေးတာမို့ မနှိုးသေးဘဲ မနက်စာပြင်ဆင်ဖို့ ထွက်လာခဲ့သည်။
စမ်းချောင်းရဲ့ မနက်ခင်းဟာ အလုပ်သွားသူများနှင့် ရောက်ယပ်ခက်နေ၏။ နှစ်လမ်းကျော်လောက်သွားမှ လဘ္ဘရည်ဆိုင်ကြီး တစ်ဆိုင်ရှိသည်။ ဒီနေ့တော့ ထမင်းမကြော်ချင်၍ ပဲပလာတာသုံးချပ် ဝယ်လိုက်သည်။ တူးတူးကြိုက်သည့် စီလုံတီးတစ်ခွက်ပါဆယ်ဆွဲ လာခဲ့လိုက်သည်။
အိမ်ရောက်သည်နှင့် လျှော်ရမည့် အက်ျီ များကို အဝတ်လျှော်စက်ထဲ ထည့်၍ မနေ့ညက တူးတူးဆော့ထားတဲ့ အရုပ်တွေကိုပါ ရှင်းရသေးသည်။ ညီဟာ မသိမသာရော သိသိသာသာပါ ဒီအိမ်ဂေဟာရဲ့ အိမ်ရှင်မတစ်ယောက် ဖြစ်နေခဲ့ပြီ။ နာရီကိုကြည့်တော့ ရှစ်နာရီကျော်ပြီမို့ စက်တော်ခေါ်နေသူများကို နှိုးရဦးမည်။
"တူးတူး ပါးပါးသားကြီး ထတော့ ထ...ထ ကျောင်းသွားရဦးမှာ...."
"......အင်း.......ဖေဖေ့ကို အရင်နှိုး...."
တူးတူးက လက်နှစ်ဖက် ၊ ခြေနှစ်ဖက်ကို ဆန့်နိုင်သမျှ ဆန့်၍ ဟိုလူးဒီလူး လုပ်ပြီးမှ တစ်ဖက်ကုတင်ကို မျက်စိမှေးမှေးဖွင့်ကြည့်ကာ စကားနာထိုးပြီး ပြန်အိပ်နေသည်။
YOU ARE READING
ညီပိုင်ရှင်(complete)
RomanceZawgyi ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများကြပါတယ်။ ကျွန်တော့်ထက်အရင်ရေးခဲ့စီနီယာတွေအကုန်ကို Creditပေးပါတယ်။ Unicode ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများက...