အခန်း(၇)

19.1K 1.9K 319
                                    

Zawgyi

စာမေးပွဲပြီး၍
ရင်ဘက်ပေါ် တင်နေသော ဆယ်ပိဿာလေးကြီး
အောက်ကျသွားသလို ပေါ့ပါးနေသည်။
ညီ ညီဟု ခေါ်၍ စာလုပ်ပါ၊ စာကျက်ပါဟု နားထဲ သံရည်ပူလောင်းသလို အပူကျနေသော နားပူ ငရဲမှ လွတ်စအချိန် ဖြစ်နေ၍ လောကကြီးက နိဗ္ဗာန်က ဗိမ္ဗာန်ရ နတ်မင်းကြီးလို သာသာယာယာ။

တစ်ရက်ပြီး တစ်ရက် ပြောင်းလဲနေတဲ့ နေ့ရက်တွေမှာ ညီ ဘာတွေများ ပြောင်းလဲခဲ့လဲ တွေးတောနေမိသည်။


ဒီနှစ် ပိုင်ရှင့်ကြောင့် ညီ စာလုပ်ဖြစ်သည်။ ကိုးတန်း အောင်မှာ ကျိန်းသေနေပြီ။ ဆယ်တန်းမှာရော ညီ စာလုပ် ဖြစ်ဦးမှာလား။ ညီ မသိ။ ပိုင်ရှင်ကရော ဆက်သင်ဦးမှာလား။ ဒါတော့ ညီ ငြင်းရမည်။ ပိုင်ရှင် ရှိသော အရပ်ဟာ ညီ့အတွက် နားပူ စိတ်ဆင်းရဲ ငရဲခန်းသာ ဖြစ်သည်။

"မင်းကို စာသင်ရတာ ကြောင်ကလေး လက်ပေးသင်ရတာထက် ပင်ပန်းတယ် ညီရာ
စာကို စိတ်ကမှတ် ဦးနှောက်နဲ့ ကျက်ရမှာ မင်းက နားနဲ့ကျက် နားနဲ့မှတ်တယ် ဒီနေ့ရရင် နောက်နေ့ နားထဲက စာတွေ ထွက်သွားပြီ မရတော့ဘူး ။
အချိန်တွေ ကုန်တယ် မင်းရော ငါရော ပင်ပန်းတယ်"

"အဲ့ဒါဆို အပင်ပန်းခံပြီး ဘာလို့ ဆက်သင်နေလဲ
မသင်နဲ့ပေါ့ " လို့ ပိုင်ရှင့်ရဲ့ စိတ်ပျက် ညီးညူသံကို ညီတုံ့ပြန်ခဲ့သည်။

"ငါကို ကိစ္စတစ်ခု စလုပ်ရင် ဆုံးတဲ့ထိ တာဝန်ယူတတ်ရတယ်လို့ လူတစ်ယောက်က ပြောဖူးတယ်လေ" ဟု ပိုင်ရှင့် အသံ နားထဲ ပြန်ကြားရ၍ ညီ ကြက်သီးများ ထသွားကာ တွေးနေရာကပင် လန့်သွား၏။

"ညီတေဇရေ ညီတေဇ......သားကြီး"
အိမ်ရှေ့မှ ဇေသုခ အော်ခေါ်သံ ကြားလိုက်ရသည်။

"ဘာကိစ္စလဲ "

"ဟိုဘက် ရပ်ကွက်သွားမလို့ လိုက်မလား"

"မလိုက်တော့ဘူး"

"မလိုက်လို့မရဘူး လိုက်ခဲ့"

"အဲ့ဒါဆို လိုက်မလား မမေးဘဲ လိုက်ခဲ့ပေးပါကွာ ဂိမ်းဆိုင်မှာ မန်ဘာကြေး သွင်းပေးပါ့မယ်လို့ အကူအညီတောင်းသလို ပြောသင့်တာ"

ညီပိုင်ရှင်(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ