အခန်း(၁၇)

15.5K 1.7K 142
                                    

Zawgyi

"မင်းဘာတွေ လုပ်နေတာလဲ ညီရာ မင်းယောကျာ်းတစ်ယောက်ရဲ့......."

ထွက်လာဦးမည့် စကားတွေကို ညီ မျှော်နေမိသေးသည်။
မင်းကို နမ်းရတဲ့ ယောကျာ်းတစ်ယောက်က ငါဖြစ်ချင်တယ် ဆိုတာမျိုး။ မဖြစ်နိုင်တဲ့ အတွေးမျိုးပေါ့။ပိုင်ရှင်ကတော့ တောက်တစ်ချက် ဒေါသပါပါခေါက်ချ၍ ဆွဲထားသော ညီ့လက်ကို လွှတ်ချလိုက်သည်။

"ဘာဖြစ်လဲ ဆက်ပြောလေ ပိုင်ရှင် မင်းစကားကို အမြဲတစ်ဝက်တစ်ပြတ်ပြောတယ် "

ညီက ရှေ့တစ်လှမ်းတိုးရင်း ပြောတော့ နောက်တစ်လှမ်းဆုတ်သွားတဲ့ ပိုင်ရှင့်ခြေလှမ်းတွေ ဒီခြေလှမ်းတွေ အကွာအဝေးညီမျှစွာနဲ့ မနီးမဝေးတဲ့ အခြေအနေမှာပဲ ပိုင်ရှင်နဲ့ညီ ခြေစုံရပ်
ဖြစ်ကြသည်။

မိုးဦးစ မိုးပြောက်ကျသလို တစ်ဖွဲဖွဲ ထွက်လာသော ကန်တင်းမှ လူအစုများက ညီတို့နှစ်ယောက်ကို ဒေါင်းတောရောက်နေသည့် ကျီးနှယ် တစေ့တစောင်း ထူးဆန်းစွာ ကွက်ကြည့်သွား ကြသည်။ပိုင်ရှင်က ဒါတွေ ဂရုစိုက်သည့်ပုံ မပေါ်

"မင်းနဲ့သူက ဘာတွေလဲ ညီ"

"တွဲနေတာလေ"

"ညီ"

အံ့ဩစိုးထိတ်စွာ အာမေဋိတ်သံ ထွက်လာပုံထောက် ပိုင်ရှင့်အတွက်လည်း ဒီကိစ္စက အဆန်းတကြယ် ဖြစ်သည့်ပုံ။

"ဘာလဲ ပိုင်ရှင် ၊ မိန်းမတွေကုန်လို့ ယောကျာ်လေးတွေဘက် တဏှာဦးလှည့်တာလား လို့ မေးချင်နေတယ်မလား၊ မင်းသူငယ်ချင်း ပိုးအတွက် ရင်နာနေတာလား၊ မင်းယောက်ဖလောင်း အနေနဲ့ ရှက်နေတာလား"

"လူ အဲ့ဒီလောက်ရှားလား ညီ"

"အင်း ရှားတယ် "

"ဘာလို့သူမှလဲ ညီရာ ၊ ငါ့ကို ဘယ်လောက်ထိ ဒုက္ခပေးဦးမှာလဲ"

ဒုက္ခဟု ပိုင်ရှင်က ရေရွတ်ရှာသည်။ ပိုင်ရှင်ကမှ ပေးတဲ့ ဒုက္ခကို ယူချင်လည်းရသည်။ မယူချင်ရင် စွန့်ပစ်နိုင်သည်။ ကိုယ့်ဒုက္ခကိုယ် ကျင်းတူးရှာနေရ တဲ့ ညီ့ဘဝကို သူမမြင်။ နားရွက်ကို ကြည့်ဖို့ခက်သည့်နှယ် အနီးကပ်ဆုံးက မြင်ဖို့ ခက်နေသည်။

ညီပိုင်ရှင်(complete)Where stories live. Discover now