အခန်း(၃၃)

12K 1.2K 128
                                    

Zawgyi

ပိုင်ရှင့်မေမေလည်း သေခြင်းဆိုသော မရဏလမ်းကို လျှောက်သွားခဲ့ပြီ။ အပြေးသွားပြီး ထွေးပွေ့ထားဖို့ ကောင်းပေမယ့် ညီ့မှာလည်း ကိစ္စကရှိနေသည်။ ဒီတစ်ခါလည်း ပိုင်ရှင်က နားလည်ပေးတဲ့သူပါပဲ။

ညီ ပရဟိတအဖွဲ့နှင့် ရခိုင်ဘက်သွားဖို့ စီစဉ်နေတာ ကြာနေပြီဖြစ်သည်။ နယ်စပ်က မိသားစုတွေ ဒုက္ခသည်စခန်းမှာ အလျှိုလျှို စစ်ဘေးဒုက္ခ ခံစားနေရတာတွေ သတင်းမှာ မြင်နေရသည်မှာ မခံစားနိုင်။နိုင်ငံတစ်နိုင်ငံရယ်လို့ ဖြစ်လာဖို့ စစ်နဲ့မကင်းရတဲ့ နိယာမကြီးမှာ တတ်နိုင်သည့်ဘက်က ကူညီပေးချင်သည်။ နိုင်ငံရေးတွေ ဘာတွေ ညီ နားမလည်။ ဒုက္ခရောက်သူတိုင်းကို တတ်နိုင်သလောက်တော့ ဖေးမချင်သည့် ပရဟိတစိတ် ညီ့မှာ အပြည့်ရှိနေသည်။ နယ်စပ်ဖြတ်ဖို့ အခက်အခဲ နည်းနည်းရှိနေ၍ အချိန်းဆိုင်းနေရသည်မှာ ဒီတစ်ခေါက်မှ အဆင်ပြေသွားသည်။

ဦးနွေကတော့ မသွားမဖြစ် သွားရသည်။ လေဆိပ်ထိ လိုက်ပို့ပေးပြီးမှ
ညရောက်တော့ ဇေသုခနှင့် ဆိုင်ထိုင်ဖြစ်ကြသည်။

"အချစ်ဆိုသည်မှာ ကြည်နူးခြင်းများနဲ့ ဆန်းကြယ်သောအရာလို့ ထွန်းအိန္ဒြာဗိုလ်က ဆိုတယ်။ လေးဖြူကျတော့လည်း အချစ်ဟာ ခါး ခါး ခါးတဲ့။ "

"အေးလေ။ သူတို့ဘာသာ ဆိုချင်သလို ဆိုမှာပေါ့။ အဲ့ဒါ ဘာဖြစ်လို့လဲ။"

"အမှန်တော့ အချစ်ဆိုတာ အထီးကျန်နေတဲ့ စိတ္တဇနာမ် ကောင်။ ဒီကောင်က သူတစ်ယောက်တည်း မပြည့်စုံလို့ ရင်ခုန်တာတွေရော၊ နားလည်မှုတွေရော၊ ထပ်ထူကျမယ့် နောက်လူတစ်ယောက်ကိုပါ ဆွဲခေါ်လိုက်တာ။ အဲ့ဒါကို ငါတို့က နဖူးစာတွေ၊ နှာခေါင်းစာတွေ ထင်နေကြတာ။"

"မင်း နှာခေါင်းကြီးပဲ ဆာနေ။ ငါတို့က မဆာဘူး"

"သောက်ပို မပြောနဲ့။ ပိုင်ရှင်နဲ့ မတွေ့ခင်အထိ မင်းနှာခေါင်းက ဆာနေတုန်း"

" နေပါဦး။ မင်းက အချစ်အကြောင်းပြောပြီး ဘာလုပ်မလို့လဲ။ ကိုယ်ဟာကိုယ်ကျ သောက်သုံးမကျဘဲနဲ့။ ဟိုက ထိပ်ပြောင်ပြီး မင်းလည်း သုံးဆယ့်ကိုးဗိုက်ပူ ဖြစ်တော့မယ်"

ညီပိုင်ရှင်(complete)Where stories live. Discover now