Zawgyi
"ငါ့သူငယ်ချင်းတူလေး ဒီရက်အတွင်း လာသင်မယ့်နေ့ လာပြောမယ်တဲ့ သားသား မင်းမိဘမျက်နှာ အိုးမဲသုတ်ရုံနဲ့ ကျေနပ်တော့နော်
လက်နဲ့ရေးတာ ခြေနဲ့ဖျက်ဖို့ မကြိုးစားနဲ့ ဒီဂိုက်ဆရာလေးနဲ့တော့ အဆင်ပြေအောင်နေ"ညီတေဇတို့ အိမ်ထုံးစံက ဖေဖေအလုပ်မသွားခင်
ကိုးနာရီ မနက်စာ ဆုံစားတတ်ကြသည်။ မိသားစုလက်စုံ စားချိန် အဖြစ် စည်းကမ်းချထားခြင်း မဟုတ်ပေမယ့် ထုံးစံလို
ဖြစ်နေ၍ ကိုးနာရီဆိုတာနဲ့ ထမင်းဝိုင်မှာ လူစုံနေပြီ
ဖြစ်သည်။အရွက်ကြော်လေး ဖေဖေ့ဆီ ဦးဖယ် ထည့်ပေးနေရင်း ဖေဖေ့စကားမှာ ညီတေဇကပဲ
သားလူမိုက်ကြီးလိုလို။"ဖေဖေကလည်း သား ဘယ်ဆရာနဲ့ အဆင်မပြေတာ မြင်ဖူးလို့လဲ ဆရာတွေကသာ
အဆင်မပြေ ဖြစ်သွားကြတာ""သားသား မင်းအပိုတွေ ပြောမနေနဲ့ အချိုးတွေ
ငါသိပ်ကြည့်ရတာ မဟုတ်ဘူးနော်"ဖေဖေ့ ဒေါသအရှိန် ငွေ့ငွေ့ ကျန်သေးသည်ဆိုတာ
အရိပ်ပြ အကောင်မြင်နေတဲ့ ညီတေဇ ဆိတ်ဆိတ်သာ နေလိုက်သည်။"သားသား ခေါင်းမူးတာရော သက်သာပြီလား"
"နည်းနည်း မူးသေးတယ် မေမေ"
"မေမေ့သား အပိုပြောတာ ညတုန်းကကျ သုံးနာရီထိ ဂိမ်းဆော့နေတာ သမီး တရေးနိုး ရေထသောက်ရင်း တွေ့သေးတယ်"
ကပ်ချွဲနေတာကို ဘေးက ကပ်ညှော် နေတဲ့ မမကို
မျက်စောင်းထိုးကြည့်ရင်း ကြက်သားတုံးကို
ခရင်းနဲ့ စောင့်ထိုး ယူစားပစ်လိုက်ပြီး"ဘာနံ့ကြီးလဲ ညှော်နံ့ရတယ် ညှော်လိုက်တာ"
"ဟဲ့ ဘာနံ့ရလို့လဲ ထမင်းပေါင်းအိုး ဝါယာကြိုးတွေများ မကောင်းတော့လို့လား
ဖေကြီး ရှင် မီးပူ သုံးထားသေးလား""မေမေကလည်း ညှော်ကောင် တစ်ယောက်လုံး
ဘေးနားရှိနေတာ အကြောင်းရှာနေသေးတယ်။
ညှော်နံ့ ညှော်ကောင် ဆီက လာတာပေါ့""သားသား...။နင်နော်... မေမေ တွေ့လား။ မေမေ့သား သမီးကို ပြောနေတာ"
YOU ARE READING
ညီပိုင်ရှင်(complete)
RomanceZawgyi ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများကြပါတယ်။ ကျွန်တော့်ထက်အရင်ရေးခဲ့စီနီယာတွေအကုန်ကို Creditပေးပါတယ်။ Unicode ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများက...