Zawgyi
"ဦးနွေ....ဦးနွေ"
"ဟေ ဟေ အသဲအသန် ဘာဖြစ်ပြန်တာလဲ ပိုင်ရှင်"
"ညက ညီ့ကို ဦးနွေ တံခါးဖွင့်ပေးတာမလား"
"သိရက်သားနဲ့။ မင်းလည်း နိုးနေတယ်မလား။ တံခါးဖွင့်ကြည့်တာဦးနွေ မြင်လိုက်ပါတယ်"
"သူဘာပြောသွားသေးလဲ....ဦးနွေ။ သူတစ်ခုခု ပြောသွားသေးလား"
မြိုသိပ်ထားတဲ့ ခံစားချက်တွေက အတားအဆီးမဲ့ သွားခဲ့ပြီ။ တဆစ်ဆစ် နာလာတဲ့နှလုံးသားက သွေးစက်တွေဟာ မျက်ဝန်းမှ မျက်ရည်အဖြစ် စီးကျလာကြသည်။ပိုင်ရှင် ငိုနေခြင်းမဟုတ်။ စိတ်ခံစားမှုရဲ့ ထွက်ပေါက်တစ်ခု အနေဖြင့် မျက်ရည်ကျလာခြင်းမျိုး ဖြစ်သည်။
"ဘာမှမပြောသွားဘူးလေ ။ ဘာဖြစ်လို့လဲ ပိုင်ရှင်ရ"
ဦးနွေဆီကို ဖုန်းထိုးပြလိုက်သည်။ မနက်ခြောက်နာရီမှ ဝင်လာတဲ့ စာတစ်ကြောင်းနဲ့အတူ ညီဟာ ပိုင်ရှင့်ဘဝထဲက ဒီနိုင်ငံက ထွက်သွားလိမ့်မယ်လို့ ပိုင်ရှင် လက်မခံနိုင်သေး။
"ထိုင်းနိုင်ငံဘက် သွားဖြစ်မယ်။မေမေတို့ကို လိုက်မရှာဖို့ ပြောပေးပါ။
မင်းလည်းမရှာပါနဲ့။ ငါ့အိမ်ကိုရော မမကိုရော ပစ်မထားပါနဲ့ ပိုင်ရှင်ရာ။ ဇေသုခကိုလည်း ပြောပေး။ပြီးတော့ ငါတောင်းပန်ပါတယ်"ညီက ဘယ်တော့မှ မပြောဖူးတဲ့ ပြောတတ်မယ်လို့တောင် ထင်မထားနဲ့ စကားကို ပိုင်ရှင့်ဆီ ပြောသွားခဲ့သည်။
"ဦးနွေ ညီတို့အိမ်ကို သွားကြည့်ဦးမယ်။ သားကို စများစနေတာလား မသိဘူး"
ဦးနွေဆီက ပြန်ပြောလာမည့် စကားကိုမစောင့်ဘဲ ကားကို အပြင်းမောင်းထွက်လာခဲ့သည်။
___________________________________
တစ်ညလုံး မအိပ်ရသေးသည့် မျက်နှာတွေနှင့် ညီတို့ တစ်အိမ်သားလုံးကို မြင်လိုက်ရသည်မှာ သားရဲတစ်ကောင် အရှိန်ပြင်းပြင်းနှင့် ခုန်အုပ်တာ ခံလိုက်ရသလို။
"ပိုင်ရှင်......"သွန်းက တိုးတိုးခေါ်သည်။ ရဲပြီး အစ်နေတဲ့ မျက်လုံးတွေက အနားယူဖို့ လိုအပ်အောင် ပင်ပန်းနေကြောင်း အသနားခံနေကြသည်။
YOU ARE READING
ညီပိုင်ရှင်(complete)
RomanceZawgyi ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများကြပါတယ်။ ကျွန်တော့်ထက်အရင်ရေးခဲ့စီနီယာတွေအကုန်ကို Creditပေးပါတယ်။ Unicode ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများက...