အခန်း(၄)

20.2K 2.1K 155
                                    

Zawgyi

တစ်ကြောင်းကျက် တစ်ခါဆို နှစ်ကြောင်းကူး
တစ်လုံးထောက်နဲ့ သူပဲ စိတ်ရှည်နိုင်မလား ကိုယ်ပဲ ရွတ်နိုင်မလား ဖွင့်မပြောဘဲ စိတ်ဝိဇ္ဇာချင်း စီးချင်း ပြိုင်ထိုးကြရာတွင် သင်ချင်တဲ့ ပမာဏထိ သင်သွားရတဲ့ သူက အနိုင်ရသွားသည် ပြောရမည်။ ညီ မှာတော့ ဆင်ကို ကျီစားမိသည့် ဆိတ်လေးလို သာသည်နာသည် မပြောသာပဲ မကျေမချမ်းနှင့်သာ။

စာသင်ပြီး၍ အခန်းပြင် ထွက်လာသည့်အချိန်က ညဆယ့်တစ်နာရီ ငါးနာရီ တိတိ စာသင်လိုက်ရ သည်ပေါ့။

အား......ပိုင်....ရှင်
အနက်ကောင်.....ကျက်သရေတုံးကောင်

"သားလေးရယ် အားနာလိုက်တာ အချိန်တွေတောင် နောက်ကျကုန်ပြီ"

မေမေက အားနာသလို အသံလေးနှင့် အခန်းဝက ဆီးကြိုသည်။ ဖေဖေက တပြုံးပြုံးနှင့်။ သိပ်တွေ ကျေနပ်နေပါသောပေါ့။

"ရပါတယ် အန်တီ"

"စာသင်ရတာ အဆင်ရော ပြေရဲ့လားကွယ်"

"ဟုတ် ပြေပါတယ် "

"ဘာပြေတာလဲ ဆင်သေဆိတ်သားရေနဲ့ ဖုံးမနေနဲ့ လုံးဝ အဆင်မပြေဘူး သူနဲ့ စာသင်ရင် သားစာမရဘဲ ငရဲပဲ ရမယ်"

"သားသား....လူကြီးတွေ စကားပြောနေတာ ဝင်မပြောရဘူးလေ"

ဖေဖေက အသံမာမာနဲ့ ဟောက်တော့ ညီ ဆိုဖာပေါ် ထိုင်ချ လိုက်သည်။

"ကျွန်တော်ကတော့ အဆင်ပြေတယ် အန်တီ သူတော့ မသိဘူး ပြန်ပါဦးမယ် နောက်လည်း နောက်ကျနေတော့"

"သွန်းသွန်း မောင်လေးကို ကားနဲ့ လိုက်ပို့ပေးလိုက်
ဖေကြီးက ညဘက်ဆို မျက်လုံးမကောင်းလို့"

"ရပါတယ် စက်ဘီးပါတယ် ဦး"

"မဟုတ်တာ မသွန်း လိုက်ပို့ပါ့မယ် စက်ဘီးက ကားနောက်ခန်းထဲ ထည့်ခဲ့လို့ရပါတယ်"

မမပါ ဝင်ပြောတော့ သူက ပြုံး၍ ခေါင်းညိတ်သည်။ ညီ့ ဘက်လှည့်၍

"ညီ မင်းdefinition နဲ့ ဖော်မြူလာတွေ ကျက်ထားနော် မနက်ဖြန် လေ့ကျင့်ခန်းတွေ တွက်မှာ"

"ဘာမှ နူးနူးညံ့ညံ့တွေ လာပြောမနေနဲ့ ပိုင်ရှင် ကြွက်နားရွက် ဝက်တပ်ထားသလိုပဲ မလိုက်ဖက် လွန်းလို့"

ညီပိုင်ရှင်(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ