အခန်း(၃၂)

13.7K 1.4K 94
                                    

Zawgyi

အစီးအလျင်မရှိတဲ့ ကန်ရေပြင်ထက် လှိုင်းကြက်မခွပ်လေးများ ဂယပ်ထနေသည်။ အပေါ်ယံ ယှက်ပြေးသွားသော ခဲလုံးလေးတွေရဲ့ ပဲ့ကိုင်ရှင်နှင့် စိတ်ရွှင်နူးစွာပြုံးနေသူတို့ နှစ်ဦးက ခုံတန်းလေးပေါ် နေရာယူလျက်။

ဘေးချင်းယှဉ်လျက်ခုံမှ အတွဲလေးက ထီးကွယ်ကာ တွတ်ထိုးနေသံ သဲ့သဲ့မျှ ကြားနေရသည်။ မဆီမဆိုင် ညီက ပိုင်ရှင့်ဆီ အကြည့်ရဲရဲ လှမ်းကြည့်၏။ ဆံပင်တွေ လှမ်းဖွတော့ လှမ်းလက်ကို ပုတ်ချ၍ ခဲတစ်လုံး ရေပြင်ဆီ ပစ်သွင်းနေပြန်သည်။ လိမ္မော်ရောင် နေလုံးကြီးက ကျောတန်းဆီမှာ။ အင်လျားကန်ဘောင်ပေါ် ပျားပန်းခက်မျှ လူတွေ ကြည်ကြည်နူးနူး ပျော်မြူးလျက်။ ရန်ကုန်မြို့ရဲ့ ညနေခင်းမှာ ရောင်စုံခြယ် လှပစွာ ရှိနေသည်။ ချစ်သူကောင်လေး နှစ်ယောက်ရဲ့  သဘောထား မတိုက်ဆိုင်မှုက ကွန့်မြူးတော့ တိမ်တွေဟာ ချော့မြူရောင် သမ်းနေသယောင်။

"ညီကလည်းကွာ။ ငါဒီပညာရပ်ကို ဝါသနာပါလို့ လေ့လာချင်ရုံပဲ ဖြစ်ခဲ့တာ မှန်တယ်။ ဒါပေမယ့် အခု မျက်စိရှေ့မှာ ငါလေ့လာခဲ့တာတွေကို အသုံးချရမယ့် အခွင့်အရေးက ရှိနေတယ်လေကွာ။ ငါစီးပွားရှာချင်တာမျိုး မဟုတ်ဘူး။ငါ့လေ့လာမှုတွေကို  လက်တွေ့အသုံးချချင်တာ"

"စီးပွားလည်း ရှာစရာ မလိုပါဘူး။ ငါရှာသမျှက ငါ့မိဘတွေပြီးရင် မင်းအတွက်ချည်းပဲ"

"အေးပါ။ သိပါတယ်။"

ညီက ပိုင်ရှင့်ဘေးနား ဝင်ထိုင်ချသည်။

"ဒီမှာရော အလုပ်မရနိုင်ဘူးလား"

"မရနိုင်တာတော့ ဘယ်ဟုတ်မလဲ။အခွင့်အရေးကျတော့ မတူဘူး ညီရ။"

"ထားပါ။အဲ့ဒါတွေ ငါနားလည်တာမှ မဟုတ်တာ။မင်းလုပ်ချင်တယ်ဆိုတော့လဲ..."

"ငါက အလုပ်ကို မက်တာ မဟုတ်ဘူး ညီ။ အချိန်ကုန်ခဲ့တယ်။ လေ့လာခဲ့တယ်။ ကြိုးစားခဲ့တယ်။ ဒါကို ပြန်အသုံးချလိုက်ရတဲ့ အရသာကို ခံစားချင်တာ။ ဘယ်လိုပြောရမလဲ စာရေးတာကို အရူးအမူး ဝါသနာထုံသူတစ်ယောက် စာအုပ်တစ်အုပ် ထွက်နိုင်သွားတဲ့ ခံစားချက်မျိုးပေါ့"

ညီပိုင်ရှင်(complete)Where stories live. Discover now