အခန်း(၄၁)

11.2K 1K 90
                                    

Zawgyi

"အစ်မ လာ ဒီမှာထိုင် ။ "

ဖော်ဖော်ရွေရွေသာ ကြိုဆိုလိုက်သည်။ အစ်မရဲ့ မျက်နှာထား တင်းထားပုံမှာ အကြွေးသမား အတိုးမဆပ်လို့ အော်ကြီးဟစ်ကျယ် ရန်ထဖြစ်တော့မည့်အလား ဖြစ်နေ၍ အနည်းငယ်တော့ စိုးထိတ်နေမိ၏။။

"ငဘုန်း ငါလည်း ထွေထွေလီလီတွေ မပြောချင်ဘူး။ ငါ့သမီးလေးကိစ္စ သိတယ်မလား"

"ကြားပါတယ်"

သက်ပြင်းရော သက်မပါ ရှုထောင့်ပေါင်းစုံမှ သဏ္ဍာန်မျိုးစုံနှင့် ချပြီးမှ အစ်မကဆက်မေးသည်။

"သီရိသားလေး အခြေအနေကိုရော နင်သိရဲ့လား"

"ကျွန်တော် သိတယ် အစ်မ"

"နင်သိသိရက်နဲ့......
သီရိကို အားမနာဘူးလားဟယ်။ "

"ဒါက ဖန်တီးပြုပြင်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလေ။ ကလေးတွေ သဘောအတိုင်းပဲ ကျွန်တော်ခွင့်ပြုထားတယ်။ "

"သူများသား၊သမီးကို တာဝန်ယူထားပြီးရင် လမ်းမှားရောက်နေရင် နင်ကပြုပြင်ပေးရမှာပေါ့"

"အစ်မကလည်း အဲ့ဒါလမ်းမှားမှ မဟုတ်တာ"

Edenထွက်လာ၍ အစ်မက ပြောမည့်ဟန်ပြင်ထားသော စကားလုံးတို့ ဘရိတ်အုပ်လိုက်သည်။ အလိုက်သိတတ်သော ကလေးက သွားလိုက်ဦးမယ်ဆိုသော အမူအရာကို ကားလမ်းကူးသလို ဘယ်ညာ ဦးနွေကိုတစ်လှည့် အစ်မကိုတစ်လှည့် ကြည့်၍ ပြောပြီး ထွက်သွားသည်။

"နင်တောင်အဲ့ဒီလို အခြောက်ဇာတ်ခင်းခဲ့လို့ အခုချိန်ထိ လိပ်ပြာသန့်သန့်နေနိုင်ခဲ့လို့လား။ ကိုယ်ချင်းစာပြီး သီရိကလေးကိုတော့ ဒီလိုမဖြစ်အောင် နင်က ထိန်းသိမ်းပေးရမှာပေါ့ ဘုန်းထက်နွေရဲ့"

"လာပြန်ပြီ အစ်မရာ ကျွန်တော်နဲ့အစ်ကိုက....။ တော်ပြီ ဒီကိစ္စတွေ ထပ်မရှင်းပြချင်တော့ဘူး"

လွဲနေတဲ့ အမြင်တွေနဲ့ ထင်နေကြသူတွေကို ဘယ်လို ရှင်းပြချက်မျိုးကမှ ကူနိုင်မည့်မပေါ်။ တစ်ခါတည်းသော အမှားဟာ တစ်သက်စာအတွက် အရိပ်ဆိုးလို လိုက်နေတတ်တဲ့ လောကမှာ မှားခဲ့ဖူးသူကသာ အပြစ်ဖြစ်သည်။ စွပ်စွဲနေသူအပေါ် စွဲချက်တင်နေ၍ ဘာမှထူးလာမည် မဟုတ်။

ညီပိုင်ရှင်(complete)Donde viven las historias. Descúbrelo ahora