အခန်း(၂၆)

16.1K 1.6K 134
                                    

Zawgyi

"ပိုင်ရှင်... စောစောစီးစီးပါလား သားသားတောင် မနိုးသေးဘူး"

"ဟုတ်လား။ အဲ့ဒါဆို နေပါစေ။ ကျွန်တော်ပြန်လိုက်ဦးမယ်"

"ပြန်တော့ မပြန်ပါနဲ့။ နှိုးလိုက်ပါ့မယ်..."

မျက်နှာရေစက်လက်နဲ့ သွန်းမျက်နှာကလေးက ဝင်းဝင်းပလျက်။သနပ်ခါး၊ မိတ်ကပ် ဘာတစ်ခုမှ မကူဘဲ တစ်မျိုးကြည့်ကောင်းနေသည်။ဘာမှမဆိုင်ပေမယ့် ပိုင်ရှင် ကြားဖူးနေကျ စကားပုံကို နည်းနည်းတော့ ပြင်ချင်သွားသည်။အိပ်ယာထ မျက်နှာသစ်ပြီးကာစ မိန်းမတို့ရဲ့အလှသည်သာ အလှဆုံး ဟုပင်။

မိန်းမတို့ရဲ့ ဘာဘာညာညာအချိန် အလှဆုံးဆိုတာတွေ တွေးပြီးချိန်မှာတော့ အရှေ့မှာ ရှိနေသည့် အိပ်ချင်မူးတူးနဲ့ ညီ့ပုံစံဟာ ချစ်စိတ်နဲ့တောင် ကြည့်ကောင်းအောင် မြင်၍မရ။ အလောင်းတော်ဗဓုမရဲ့ မိဖုရား ကိုပေါင်တိုကို ချစ်ခဲ့တာ ဘယ်လိုအချစ်မျက်လုံးနဲ့လဲဟု ပြေးမေးချင်လာသည်။ ဆံပင်စုပ်ဖွား၊ ပုသိုင်းမွှေးပေါက်စ၊ အဆီပြန်မျက်နှာနှင့် စွပ်ကျယ်ဂျိုင်းပြက်ဝတ်ကာ ဒူးထောင်မျက်ချေး နှိုက်နေသည့် ညီဟာ စားတော်ပွဲတည်တော့မယ့် အရည်းကြီးများလားဟု ထင်ရလောက်အောင်ပင် ကြည့်ရဆိုးတာ အမှန်ပါ။ လိမ်လိမ်ညာညာ ပြောရရင်တော့ ကောင်းပါသည်။ စိတ်ပျက်စရာပေါ့။ မချစ်တာတော့မဟုတ် ချစ်တာက သက်သက်ပေါ့လေ။

"ဘာလဲ ပိုင်ရှင် လွမ်းလို့လာကြည့်တာလား"

"လွမ်းလို့လာတာပဲ။ ယဇ်ပူဇော်ရမယ့် အရည်းကြီးရုပ်ကို မြင်ရတော့ နည်းနည်းတောင် လန့်သွားတယ်"

"အော်....မင်းအချစ်က အဲ့ဒီလိုပေါ့လေ။ ကြည့်ရဆိုးတာကို အပြစ်မြင်တယ်ပေါ့"

"အပြစ်မြင်လို့ ကြည့်ရဆိုးတာမှ မဟုတ်တာ။ ကြည့်ရဆိုးလို့ အမှန်အတိုင်းကိုမြင်တာ"

"နေ...နေ..."ဟု ပြန်ပြောရင်း ညီ့ဝမ်းက ဂွီခနဲ ဆန္ဒထုတ်ဖော်နေသည်။

"ငါ့ပဲ ပြောမနေနဲ့။ မင်းလည်း ချစ်တဲ့သူ မျက်နှာလေး မြင်နေရတာတောင် ဗိုက်ကဆာနိုင်သေးတယ်"

"ဘာဆိုင်လဲ...။ငါကမင်းလို မဟုတ်ဘူး။ အချစ်ကိုမြင်ရက်နဲ့ ဗိုက်ဆာပေမယ့် အချစ်ကိုစားရင်း ဗိုက်ပြည့်နိုင်တယ်"

ညီပိုင်ရှင်(complete)Where stories live. Discover now