Zawgyi
ညီ့ကို တံခါးလာဖွင့်ပေးရင်း ဦးနွေက လက်ညှိုးကွေး၍ အိမ်ထဲကို မျက်စပစ်ပြသည်။ ညီဧည့်ခန်းရောက်တော့ ဦးနွေ အိပ်ခန်းထဲ တန်းဝင်သွားသည်။ စကေးရှောင်တဲ့သဘော။
တီဗီကြည့်နေတဲ့ Edenက"ဘရာသာ ဘာလို့ အခုမှ လာတာလဲ။ ဘရာသာကြီး ကော်ဖီသောက်နေတာ လေးခွက်ရှိနေပြီ။ အဲ့ဒီစာမျက်နှာကြီးလည်း ဘရာသာကြီး မျက်လုံးထဲ ဝင်တော့မယ်။ ပြန်လာကတည်းက ထိုင်ဖတ်နေတာ"
ညီက ပြုံးရုံသာ ပြုံးပြလိုက်သည်။ မချိပြုံးဆိုသော အပြုံးမျိုး။
" Eden...."
"ဟုတ်"
"မင်းမအိပ်သေးဘူးလား"
" ဟုတ်"
"ဘာဟုတ်လဲ။ သွားအိပ်တော့ ဘယ်အချိန်ရှိပြီလဲ"
ပိုင်ရှင်က တစ်ချက်လှည့်မကြည့်ဘဲ Eden ကို အေးစက်စက် လှမ်းပြောသည်။ Edenက ညီ့ကို လည်ပင်းကိုလက်ဝါးစောင်းဖြင့် ဖြတ်သည့်ပုံစံ လုပ်ပြကာ မျက်နှာအမူအရာပါ မဲ့ရွဲ့လိုက်သေးသည်။ ပြီးမှ ညီ့ဆီ လက်ညှိုးတစ်ချက်ထိုးပြသည်။ နား အနားကပ်၍ ပြောသွားသေးသည်က
"Good Luck brother"
________________________
" ပိုင်ရှင်"
ဧည့်ဆိုဖာမှာ ထိုင်နေတဲ့ညီ့ကို ပိုင်ရှင်ဟာ လှည့်ကြည့်ဖို့စိတ်ကူး ရှိပုံမရ ။ Edenပြောသလို စာမျက်နှာကို ပေါက်ထွက်မတက် စိုက်ကြည့်နေသည်။
"ဟုတ်ပါပြီကွာ။ ငါ့ပိုင်ရှင်လေး စိတ်ဆိုးနေတာ သိတယ်။ ခဏတော့ပြုံးလိုက်။ ဒီနေ့က မွေးနေ့ပဲဟာ။ သောကြာသား မွေးနေ့မှာ စိတ်ဆိုးနေရင် မကြာခင်လင်ရမည်တဲ့ ဟောကိန်းထွက်ထားတာ သိလား"
" ဆောင်းလေး အဆင်ပြေလား"
ခြောက်ကပ်ကပ် အမေးစကားကြောင့် နေပူထဲ ရေငတ်သလို အာခေါင်ပါ ခြောက်လာသည်။ အရင် ဆင်တူရိုးမှား ကိစ္စတုန်းကလည်း နောက်ခါ ဒီလို မလုပ်ပါဘူးဆိုသော ကတိကို ပေးခဲ့ဖူးသည့် ကိုယ့်စကားကိုယ် သတိရနေသည်။
ချော့မည်ဟု တွေးထားသည်မှာလည်း စိုးရိမ်စိတ်ကြောင့် အတွေးတွေက အမှောင်ထဲအမဲဆောင်ထားသလို ပျောက်ကွယ်နေသည်။ ဒါကို ပိုင်ရှင် ပြန်မေးပုံက စကားဆက်ဖို့ ခက်ခက်ပင်။
YOU ARE READING
ညီပိုင်ရှင်(complete)
RomanceZawgyi ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများကြပါတယ်။ ကျွန်တော့်ထက်အရင်ရေးခဲ့စီနီယာတွေအကုန်ကို Creditပေးပါတယ်။ Unicode ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများက...