အခန်း(၄၃)

12.5K 1.1K 96
                                    

Zawgyi

ဘဝကို ပုံသေခွက်ထဲထည့် အလျား အမြှောက် အနံဆိုပြီး ပုံသေနည်းထုတ် တွက်လို့ရရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိသည်။ဒါဟာ စိတ်ကူး သက်သက်ပါ။ လက်တွေ့မှာ ဘယ်အရာမှ ကြိုတင်တွက်ဆ၍ အဖြေထွက်လာတာမျိုး ရှိတဲ့ ဘဝကြီး မဟုတ်။

ဆောင်းလေးရဲ့ လက်ကောက်ဝတ်မှာ တင်ခဲ့တဲ့ အမာရွတ်တစ်ချို့ဟာ အန်တီငယ်အတွက် အကျွတ်တရား ဖြစ်ခဲ့သည်။ ကလေးထိခိုက်မည် စိုး၍ ဆရာဝန်ကြီးများက ဆေးရုံမှ ဆင်းခွင့်မပေး။ "သမီးကလေးကို သမီးအားနဲ့ သမီးမွေးမယ်" ဆိုသော ကျိန်းဝါးစကားကြောင့် မည်သူက ဘာတတ်နိုင်တော့မည်နည်း။

စေ့စပ်ကြောင်းလမ်းခြင်းဖျက်သိမ်း ဟူသော သတင်းနှင့်တကွ

"ဦးညီတေဇ တစ်ကိုယ်ကောင်း ဆန်လိုက်တာ"

"အေး..ဒေါ်ဆောင်းမြူနှင်းလည်း သူ့အမေနဲ့ ပြန်လိုက်သွားတော့မယ်လို့ ပြောတယ်"

ဆိုသော ညီ့ပတ်ဝန်းကျင်က အသံတွေကို အချိန်တန် အဆင်ပြေသွားမှာပါဟု လက်လျူရှုထားရသည်။ ဆောင်းလေးကိုလည်း ဘယ်သူနဲ့လဲဆိုသော မေးခွန်းကို ဆက်မမေးဖြစ်။ ငါမဟုတ်ဘူးနော်လို့လည်း လိုက်မဖြေရှင်းတော့။ ဒါတွေကို ပိုင်ရှင်တစ်ယောက်ကိုသာ နားလည်စေလိုသည်။

"ဦးဘုန်းကရော ။ ဦးဘုန်း သနားပါတယ်"
ဟူသော Rainbowက ကလေးတွေ အသံကြားတိုင်း ညီဟာ ဂတ်(စ်)အိုး ပေါက်ကွဲနေတဲ့ ကားတစ်စီးနှင့် ဝင်တိုက်ခံလိုက်ရသလို ပူပြင်းလောင်မြိုက် သွားရသည်။

ညီဟာ အသနားခံ မဖြစ်ရင်တောင် စွန့်ပစ်ခံ ဖြစ်သွားရခြင်းအပေါ်တော့ နားမလည် ဖြစ်ခဲ့ရသည်။

ညီ့အပေါ် အမြဲ နားလည်ပေးခဲ့သည့် ပိုင်ရှင့်ကို ညီက ပြန်နားလည်ပေးဖို့ ကြိုးစားတာက စလွဲသည်။ "ငါစောင့်နေမယ်"ဆိုသော ကတိကို တည်ဖို့ ညီ ကြိုးစားနေတဲ့အချိန် "ဘယ်အရာကိုမှ စောင့်မနေနဲ့" ဆိုသော စကားကို ပိုင်ရှင်က လက်တွေ့ ပြသသွားခဲ့သည်။

ပိုင်ရှင်တို့ခြံရှေ့ထိ ရောက်ဖြစ်သည်။ မဝင်ဖြစ်ပေမယ့် ပိုင်ရှင် ထွက်လာဖို့ မျှော်လင့်ချက်ရောင် ရေးရေးလေး ထားသည်။ စောင့်မျှော်ခြင်းဆိုတာ  လွတ်ထွက်သွားတဲ့ မိုးပျံဖူဖောင်းလေး လှမ်းဖမ်းရသလိုပါပဲ။ ဖမ်းမိတာလည်း ဖြစ်နိုင်သလို။ လွတ်ထွက်သွားတာလည်း ဖြစ်နိုင်သည် မဟုတ်လား။ညီ့ရဲ့ ဖူဖောင်းလေးကတော့ လွတ်ထွက်သွားခဲ့ပြီ။

ညီပိုင်ရှင်(complete)Where stories live. Discover now