အခန်း(၁၃)

16.7K 1.9K 113
                                    

Zawgyi

ကင်မွန်းစခန်းရောက်တော့ ညနေစောင်းနေပြီ ဖြစ်၍ 21 Paradiseမှာ အနားယူလိုက်ကြသည်။
နှစ်ယောက်ခန်း နှစ်ခန်းငှား၍ မမအတွက် တစ်ယောက်ခန်း ငှားပေးသည်။ လူကြီးဖြစ်တဲ့ ဦးနွေပါတော့ တည်းခိုဖို့ရာ အဆင်ပြေသည်။

"မနက်စောစောတက်ကြမှာဆိုတော့ စောစော အိပ်ကြနော် သွန်းမူယာ ငါ့တူမ အဆင်ပြေတယ် မလား"

"ရပါတယ် ဦးနွေရဲ့"

ကိုယ်စီ ဆိုင်ရာအခန်းကို ခွဲထွက်လာခဲ့ကြရာ ဇေသုခနဲ့ ညီတေဇ အခန်းထဲ ရောက်တော့ အထုတ်တွေချကာ ဇေသုခက "ရေချိုးဦးမှ" ဆိုကာ ရေချိုးခန်းဆီ ပြေးသည်။ ညီက အသင့်ပါတဲ့ ပုလင်းကို ဖောက်လိုက်ပြီး ဖန်ခွက်ထဲ ရေနဲ့ သုံးချိုးတစ်ချိုး ရောချလိုက်၏။အမှန်ဆို အပြန်စက်စဲ ဝင်မှ ဖောက်မည် စိတ်ကူးထားသော ပုလင်းကို ဖောက်လိုက်ရသည့် အကြောင်းက....

"ပိုင်ရှင် LGBTကို လက်ခံလား"

"လက်မခံဘူးတော့ မဟုတ်ပါဘူး"

"နှစ်လုံးထဲ ဘောင်းဘီ ကြပ်နေပြန်ပြီ လက်မခံဘူးလား မေးတာမှ မဟုတ်တာ"

"ဘာလို့ မေးတာလဲညီ"

"နောက်တစ်မျိုး မေးမယ်ကွာ ယောကျာ်းလေးချင်း ချစ်မိကြတာကိုရော ဘယ်လိုမြင်လဲ"

"ချစ်မိကြတယ်လို့ပဲ မြင်တာပေါ့ ဘယ်လိုမြင်ရမှာလဲ"

"ဖြစ်သင့်တယ်လို့ ထင်လား"

မွန်ပြည်နယ်မှ တောင်တန်းတွေ နဲ့ ညနေစောင်းနေလုံးကြီးမှာ ခဏတာ ခွဲခွာဖို့တောင် ဝမ်းနည်းနေကြသယောင် နီယောင်ပျို့ကာ လောကအလှဆင်နေကြသည်။ခံစားချက်မဲ့ ခပ်အေးအေး ဖြေနေတဲ့ ပိုင်ရှင့်မျက်နှာကို နေဝန်းနီကစလိုက်ထိုးနေ၍  ညီ့ဘေးကို ဝင်ထိုင်လိုက်ပြီးမှ

"ချစ်တာပဲ ဖြစ်သင့်တာ မဖြစ်သင့်တာ ရှိလို့လားညီ"

"ဒါကြီးကတော့ ရှိသင့်တယ်လေ အဖိုအမ သဘာဝဖန်းဆင်းပေးထားတာ အချစ်ကမျိုးစေ့ ချန်ထားနိုင်ဖို့မဟုတ်ဘူးလား ပြီးတော့ သံလိုက်ဆိုရင်တောင် အချင်းချင်းဆို ဆွဲငင်ကြတာမှ မဟုတ်တာ၊ ကုန်ကုန် ပြောရရင်ကွာ လျှပ်စစ်ပစ္စည်းတစ်ခု မှာတောင် အဖိုအမတစ်စုံပါမှ အသုံးဝင်တာမလား
အချင်းချင်းတွေဆို ဒုက္ခတွေ ရောက်ကုန်မှာပေါ့
ဗျက်ဝိဗျတ္တက ကျောင်းကြီးဇောက်ထိုး ဖြစ်အောင်ပဲ လုပ်နိုင်တာ အဲ့ဒီလိုသာဆို လောကကြီးက မိုးမျှော်သွားမှာပေါ့"

ညီပိုင်ရှင်(complete)Where stories live. Discover now