Zawgyi
"ပိုင်ရှင်...."
တဘတ်တစ်ခုနှင့် ကပျာကယာ ပြေးထွက်သွားသည့် သဲသဲကို ညီ အရေးမစိုက်နိုင်တော့။ ပိုင်ရှင့်မျက်ဝန်းတွေဆီသာ အဖြေကို ရှာနေမိဆဲ။ ရေသေလိုမျက်ဝန်းတွေထဲမှာ ရွက်ကြွေဟာ ဘယ်ကိုမျောသွားပြီလဲဟု ရှာနေရသည့်အလား။ ပိုင်ရှင့်မျက်ဝန်းတွေဟာ အေးစက်စက် တည်တည်ငြိမ်ငြိမ်.....
"အအေးပတ်နေပါဦးမယ် ညီရာ။ အင်္ကျီအရင်ဝတ်"
ပိုင်ရှင်က ဘာမှမဖြစ်သလို သာမာန်ရိုးကျ ပြောပေမယ့် ညီလက်မခံနိုင်။ သာမာန်ရိုးကျကို မဖြစ်သင့်တာလေ။ ငါးလနီးပါး ပြည်ပရောက်နေတဲ့ ချစ်သူက နောင်ချိုထိ လိုက်လာခဲ့တာ မဟုတ်လား။ ညီဟာ ရွှေတွင်းအောင်သူလို အပျော်ကြီးပျော်နေသင့်တာလေ။ အခုတော့......
ညီ ခေါင်းကို ခါရမ်း၍
"ငါ ရှင်းပြမယ် ပိုင်ရှင်။ ငါနဲ့သဲသဲ ဘာမှမဖြစ်ခဲ့ဘူးဆိုတာ မင်းယုံပေးပါကွာ။ မင်းယုံအောင် ငါဘယ်လို သက်သေပြရမလဲ"
"ငါ မင်းကို ယုံပါတယ်..."
ရေစက်လက် ဆံစတွေကို လှမ်းဖွရင်း မေးခွက်လေး ချိုင့်ခနဲဝင်အောင် ပြုံး၍ ပြောနေသူဟာ ညီ့ကို ဘယ်လောက်ထိ နားလည်ပေးနိုင်ကြောင်း မာန်တိုင်တက် ပြနေသူပမာ။
"မဟုတ်ဘူး ပိုင်ရှင်ရာ။ ငါဖြစ်နေလို့ မင်းယုံကြည်ပေးရတာမျိုးကို မလိုချင်ဘူး။ ငါက မင်းယုံကြည်ရတဲ့သူပဲ ဖြစ်ချင်တာ။ ဘယ်လိုရှင်းပြရမလဲကွာ"
အခုညီဖြစ်နေသည့် ပုံစံမှာ ညက စာကို ခရားရေလွှတ်တတွတ်တွတ်ရအောင် ကျက်လာတဲ့ကလေး ဆရာမရှေ့ရောက်မှ အစမေ့နေသူလိုပင်။ ပြဿနာမဟုတ်သည်ကို ဘယ်ကအစရှာ၍ ဘယ်လိုရှင်းပြရမလဲ ကြက်ဥအစရှာသလို စိတ်ကရှုပ်ထွေးလျက်။
"ဟုတ်ပါပြီ ညီရာ။မင်းကို ယုံကြည်သလို ဒီအဖြစ်အပျက်ကိုလည်း ငါမြင်တယ်လေ။ အဲ့ဒီကောင်မလေးနဲ့မင်း ဘာမှမဖြစ်တာကို ငါစိတ်နဲ့လက်ခံတာမဟုတ်ဘူး။ မျက်လုံးနဲ့ လက်ခံတာ။ ငါအော်လိုက်တယ်ဆိုတာက မင်းလဲကျသွားမှာစိုးလို့။ ဟုတ်ပြီလား။ ဘာမှ တွေးပူမနေနဲ့။ အခု အဝတ်အစားလေးဝတ်။ အအေးပတ်ပြီး ဖျားနေမယ်"
YOU ARE READING
ညီပိုင်ရှင်(complete)
RomanceZawgyi ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများကြပါတယ်။ ကျွန်တော့်ထက်အရင်ရေးခဲ့စီနီယာတွေအကုန်ကို Creditပေးပါတယ်။ Unicode ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများက...