Zawgyi
"ညီ"
ညီ့ လက်တစ်စုံနှင့် နှောင်တွယ်ထားသော လူတစ်ယောက်ဟာ ကိုယ်မဟုတ်ခဲ့ရင်တောင် မိန်းကလေးတစ်ယောက် နဲ့ဆို ပိုင်ရှင် ငေးကြည့်နေနိုင်သည်။ အခုတော့ ဖက်ရုံ မက မျက်နှာချင်းတေ့တေ့ဆိုင် နီးနီးကပ်ကပ် နှာဖျားချင်းထိလုနီး အနေအထားနှင့် ရှိနေသူက သဘာဝမဆန့်ကျင် သော လူတစ်ယောက်။ ထိုသူက ပိုင်ရှင့် အနီးနားမှာရှိလျက် အဝေးဆုံးဆီ ပို့ထားခဲ့သူ။
"ထင်မင်းသွင် မင်းဖယ်စမ်း"
"အိုရ် မာစတာ" "ဒါကြီးက ဘာကြီးလဲ"
ဒယိမ်းဒယိုင် လူသားနှစ်ယောက်မှ အာမေဋိတ်သံ တွေ အစီအငေါ်မတည့် ထွက်ပေါ်လာသည်။
အလယ်တန်း အင်္ဂလိပ်စာ မီးနင်းသင်တော့ ဆရာမက m a s t e r s မာစတာ(စ်) ဆရာသခင်များ ဟု အသံထွက် ချပေးသည်။ ဒါကို ထင်မင်းသွင်က
"မာစတာ ညီမျှခြင်း သခင် ၊
သခင်ညီမျှခြင်း ပိုင်ရှင် ၊
ငါ့ရဲ့မာစတာ ညီမျှခြင်း ဘုန်းပိုင်ရှင် "ဟူ၍ ဖော်မြူလာ ထုတ်ပြီး ပိုင်ရှင့်ကို မာစတာဟု ခေါ်ခဲ့သည်။ ကင်းကင်းရှင်းရှင်း မျက်နှာလွဲခဲပစ် နေခဲ့ပြီး၍ သူနှင့် ပတ်သက်သမျှ အရာအားလုံးသည် နွေဦးရွက်ခြောက်တွေလို ကုန်စင်အောင် ပိုင်ရှင်ကိုယ်တိုင် ခြွေချခဲ့ပြီး ဖြစ်သည်။ ရွက်နု ပွင့်ဖူးတွေနဲ့ အသစ်က ပြန်လည်စတင်စေပြီးသားဆိုတာ နှစ်ယောက်အသိ။
အခု ဒီလူကို ညီက ဖက်တွယ်ရင်း ကလေးများ သံစဉ်နဲ့ စကားပြောသလို ပိုင်ရှင့်ဆီ လက်ညှိုးနှင့် နှစ်ခါ၊သုံးခါလောက် ဆင့်ထိုး၍ မေးလိုက်ပုံက "ဒါကြီးက ဘာကြီးလဲ"ဟုပင်။ ပိုင်ရှင် စုတ်သတ်တစ်ချက် ပြုပြီးမှ ညီ့ကိုယ်လေးကို ဆွဲယူလိုက်သည်။ ခြေလှမ်းတွေ မထိန်းနိုင်အောင် မူးနေသူက ပိုင်ရှင့်ညာဘက်ပခုံးကို ခေါင်းမှီချလျက် အလျဉ်းသင့်။ ပိုင်ရှင်က ဘေးယိုင်မကျ သွားစေရန် လက်ဖြင့်ပြန်ထိန်း၍ ဖက်ထားရသည်။
"မင်း သူနဲ့ ဝေးဝေးနေ ထင်မင်းသွင် "
"ဘုန်းပိုင်ရှင် ငါက ငါ့နေရာမှာပဲ ရပ်နေတာ လာဝင်တိုက်တဲ့သူ၊ လာဝင်တိုးတဲ့သူကတော့ ငါနဲ့ ငြိမှာပဲ အဲ့ဒီလို ဖြစ်အောင်လည်း.....တော်ပါပြီ ဒါတွေ အစဖော်လိုက်ရင် အကောင်းစား ချည်ထိုးထည်လေး သံချိတ်နဲ့ငြိပြီး အစထွက်သွား သလို ငါ့စိတ်တွေ တန်ဖိုးကျ ပျက်စီးကုန်မယ်"
VOUS LISEZ
ညီပိုင်ရှင်(complete)
Roman d'amourZawgyi ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများကြပါတယ်။ ကျွန်တော့်ထက်အရင်ရေးခဲ့စီနီယာတွေအကုန်ကို Creditပေးပါတယ်။ Unicode ညီရဲ့ပိုင်ရှင် ညီပိုင်တဲ့ ပိုင်ရှင် (Zawgyi+Unicode) ညီ ဆိုတဲ့အသုံးအနှုန်း အသုံးများက...