vow-04

4.6K 385 48
                                    

Zawgyi //

" ဘာလုပ်တာလဲ ဂျောင်ကု "

ဆိုင်ထဲကနေ ဘာမပြောညာမပြောအတင်းဆွဲခေါ်လာတာကြောင့် ထယ်ယောင်းရဲ့အသံက တင်းမာနေသည် ။

" ဒီနေ့ကျောင်းပျက်တာ အဲ့ဒီလူကြောင့်လား ။ အဲ့ဒီလူက ကျောင်းပျက်ရတဲ့အထိ အရေးပါတာလား ။ အဲ့ဒါကြောင့် ကိုယ်နဲ့သူငယ်ချင်းလုပ်ဖို့ ငြင်းဆန်နေတာလား "

ဂျောင်ကုရဲ့စွပ်စွဲချက်စကားတွေက သူ့အတွက်တော့ လုံးဝ အခြေအမြစ်ရှိမနေပါ ။ စိတ်ပျက်မိစွာပဲ သက်ပြင်းချမိသည် ။

" မင်းနဲ့ဆိုင်လား ။ ငါ့ဘဝက မင်းနဲ့သက်ဆိုင်နေလား "

ဂျောင်ကု ခေါင်းငိုက်စိုက်ကျသွားသည် ။

" ဆောရီး ကိုယ်.. "

" မင်းကတော်တော်လေး စိတ်ပျက်ဖို့ကောင်းတယ် "

ထိုစကားလေးတစ်ခွန်းက နှလုံးသားအသည်းစိုင်ကို အပြင်းစားအဆိပ်သင့်စေပါသည် ။ မဖြစ်ဘူး ။ ငယ် သူ့ကိုမုန်းသွားလို့မရသေးဘူး ။

ချစ်ခွင့်တောင်မရလိုက်ခင်မှာ အမုန်းတွေကို သူ မထွေးပွေ့ချင်ပါ ။ ချစ်ခွင့်ရပြီးလျှင်လည်း မထွေးပွေ့ချင်ပါ ။ အချစ်တွေကိုသာ ပြည့်လျှံနေအောင် ပိုက်ထွေးထားချင်ပါသည် ။  ဒီလိုဆို သူအတ္တသိပ်ကြီးသွားမလား ။ ကြီးသွားလည်း မတတ်နိုင်ပါ ။ ငယ်နှင့်ပက်သက်သည့်အတ္တတွေပဲမို့...

" စိတ်ပူလို့လုပ်လိုက်မိတာ ။ အဲ့ဒီလူက.. "

" ပြန်တော့ ။ ငါစိတ်မပြောင်းခင် ပြန်တော့ ။ မဟုတ်ရင် ငါ မင်းကို မုန်းမိလိမ့်မယ် "

ငယ့်ကိုတောင်မနှုတ်ဆက်ပါဘဲ လှည့်ပြန်ခဲ့လိုက်သည် ။ နှုတ်ဆက်နေတုန်း ငယ်စိတ်ပြောင်းသွားလျှင် နှလုံးသားနှင့်ရင်း၍ဆုံးရှုံးမည့်သူက သူတစ်ယောက်တည်းသာ...

.

.

" သူဋ္ဌေးလေး ! ဒီနေ့ လချုပ်စာရင်းတွေ အကုန်အပြီးသတ်ရမှာပါ "

" စားပွဲပေါ်တင်ခဲ့လိုက် ။ "

လချုပ်စာရင်းတွေကိုမကြည့်ခင် ဂျောင်ကုက ရုံးခန်းထဲက  နံရံကပ် screen အပြားကို အရင်ဖွင့်လိုက်သည် ။ 

' VOW '  ( completed )Hikayelerin yaşadığı yer. Şimdi keşfedin