vow-11

3.6K 328 4
                                    

Zawgyi //

နှလုံးသားက ချည်တိုင်မှာမြဲခဲ့ပြီထင်ပါရဲ့ ။

အချစ်အတွက်နဲ့ နောက်ကြောင်းကိုစွန့်လွှတ်ခဲ့တဲ့ ဂျောင်ကုက ရူးမိုက်တယ်ပဲပြောရမလား ။ ဒါပေမယ့်လည်း သူပျော်နေတာပဲလေ ။ ဒီလောက်ဆို လုံလောက်ပါတယ် ။ အဓိကက ငယ်ဖြစ်နေဖို့ပါပဲ ။

" ငယ့်ရဲ့အရိပ်လေး ဖြစ်နေပေးပါ့မယ် ။ ကိုယ့်ရဲ့ကျိန်ဆိုခြင်းက ပြည့်စုံတယ်မဟုတ်လား ငယ် "

လက်ခုံလေးကိုဖွဖွနမ်းတော့ ကောင်လေးကပြုံးသည် ။

" ငါ့ရဲ့အရိပ်ဖြစ်ပေးစရာမလိုပါဘူး ။ မင်းက ဂျွန်ဖြစ်နေရင်ပဲရပြီ "

လက်သူကြွယ်မှာနေရာယူလာတဲ့ အပေါစားလက်စွပ်လေးတစ်စုံက သူ့တန်ဖိုးနဲ့သူတောက်တောက်ပြောင်ပြောင်ပါပဲ ။ ဘယ်သူမှလည်းမလိုသလို ဘယ်သူမှလည်းချီးမြှင့်ပေးစရာမလိုတဲ့သူတို့ရဲ့လက်ထပ်ပွဲက ဂျွန်နဲ့ဂင်ဆိုတဲ့ သူတို့နှစ်ယောက်ပဲရှိနေရင်ကို ပြည့်စုံနေပြီ ။

နှစ်ယောက်တည်းပွဲတက် ၊ နှစ်ယောက်တည်းလက်မှတ်ထိုးပြီး နှစ်ယောက်တည်းပဲလက်ထပ်မှတ်ပုံတင်ခဲ့ကြတယ် ။ ရိုးရိုးရှင်းရှင်းပါပဲ ။ နှလုံးသားက အဓိကသက်သေဖြစ်နေရင် ရပြီ ။ အိမ်ထောင်ဖက်နေရာမှာ ငယ်ဖြစ်နေရင်ကိုရပြီ ။

" ဟန်းနီးမွန်းကို ဘယ်သွားချင်လဲ ငယ် "

တက်စီတစ်စီးပေါ်မှာ သာသာယာယာပဲထိုင်ရင်း ငယ့်ကို သူ့ပခုံးပေါ်မှီခိုင်းပြီး လက်ချောင်းချင်းယှက်နွယ်ကာ လေသံတိုးတိုးနဲ့မေးမိသည် ။

" ငါက အဲ့လိုပကာသနတွေမကြိုက်ဘူး ။ ငါ့မင်္ဂလာဦးအချိန်က အချိန်နဲ့လုပြီးပျော်ရတာမဟုတ်ဘဲ အချိန်နဲ့အမျှ အတူတူကုန်ဆုံးရတာမျိုးပေါ့ ။ ချောင်(ဂျောင်)ထဲမှာပဲဖြစ်ဖြစ် မင်းနဲ့ဒီလိုမျိုးနေရရင် ဖြစ်တယ် "

" ငယ်က စပိန်ကိုသဘောကျတယ်မလား ။ စပိန်ကို လိုက်ပို့နိုင်အောင်တော့ ကိုယ်ကြိုးစားမှာပါ "

အတန်ကြာငြိမ်သက်နေပြီးမှ "အင်း " ဆိုသော အဖြေစကားကို ကောင်လေးဘက်ကတုံ့ပြန်သည် ။

" ခုည ဘာစားကြမလဲ ။ မင်္ဂလာဦးညမှာ မက်ဂျူနဲ့အသားဆိုရင်ရော "

' VOW '  ( completed )Tempat cerita menjadi hidup. Temukan sekarang