vow-25

3.5K 281 23
                                        

Zawgyi //

5 / March / Wednesday .

ပြက္ခဒိန်ပေါ်ကရက်စွဲလေးကိုကြည့်ပြီး ထယ်ယောင်းက အောက်နှုတ်ခမ်းသားလေးကိုဖွဖွကိုက်ကာ ပြုံးတယ် ။ ဒီနေ့ သူနဲ့ဂျွန်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ။ ကျန်တာသာမသိပေမယ့် ထယ်ယောင်းက ဒီနေ့လိုနေ့မျိုးကိုတော့ ကောင်းကောင်းကြီးမှတ်မိနေတတ်တယ် ။

တဒိတ်ဒိတ်ခုန်နေတဲ့ရင်ဘတ်လေးကို လက်ဖဝါးလေးနဲ့ညင်ညင်သာသာဖိရင်း ထယ်ယောင်းကပါးမို့လေးတွေရဲတဲ့အထိလည်း တစ်ယောက်တည်းရှက်နေပြန်သေးတယ် ။

ဖြတ်သန်းခဲ့တဲ့တစ်နှစ်တာအတွင်းမှာ ဂျွန်နဲ့သူရဲ့အမှတ်တရဆိုတာ ရေရေရာရာမရှိခဲ့ဖူးသေးဘူး ။ ဒါကြောင့်ပဲ ထယ်ယောင်းက ခုလိုနေ့မျိုးမှာ ရင်ထဲစွဲပြီးအမှတ်ရနေမယ့်အမှတ်တရမျိုးကို ဖန်တီးချင်နေတယ် ။

// ခုည စောစောပြန်ခဲ့ ဂျွန် //

စာတိုလေးတစ်ကြောင်းကိုပို့လိုက်ပြီး ထယ်ယောင်းက ဈေးဝယ်ဖို့ထွက်လာခဲ့တယ် ။ ဘာမှထွေထွေထူးထူးရယ် မဟုတ်တာကြောင့် ဖုန်းကိုစားပွဲပေါ်မှာပဲ ထားခဲ့ပြီး ပိုက်ဆံအိတ်ကိုခါးကြားထိုးကာ ပေါ့ပေါ့ပါးပါးပဲထွက်လာခဲ့လိုက်တယ် ။

စိတ်ကူးထဲကညအတွက်တော့ ထယ်ယောင်းက အသားတစ်ချို့ရယ် နှစ်ချို့ဝိုင်တစ်ပုလင်းရယ်နဲ့ ဂျောင်ကုကြိုက်တတ်တဲ့သစ်သီးအနည်းငယ်လောက်ကိုသာ ဝယ်ပြီး ပြန်လာခဲ့တယ် ။ ဖယောင်းတိုင်ပုပုလေးတွေကိုလည်း ဝယ်လာခဲ့လိုက်သေးတာ ။

" Cyclamen ! "

ပန်းဆိုင်ရှေ့ကဖြတ်သွားရင်း အနီရောင် Cyclamen ပန်းတွေကိုတွေ့တာကြောင့် ခန်းစည်းစားပွဲပေါ်ကပန်းအိုးလေးထဲမှာ အလှထိုးဖို့ ထယ်ယောင်းကစိတ်ကူးလိုက်မိတယ် ။ Cyclamen ပန်းတွေရဲ့အဓိပ္ပါယ်က အိမ်ထောင်တစ်ခုကြားက ချစ်ခြင်းမေတ္တာတွေကိုဖော်ကျူးတဲ့လို့ သူကြားဖူးတယ် ။

" ကျွန်တော့်ကို ဒီအနီရောင်လေးတစ်စည်းပေးပါ "

" ကောင်မလေးကိုလက်ဆောင်ပေးဖို့လား ။ မင်းကိုရတဲ့ကောင်မလေးကတော့ တကယ်ကိုကံကောင်းတဲ့မိန်းကလေးပဲနေမှာပဲ "

' VOW '  ( completed )Onde histórias criam vida. Descubra agora