Zawgyi //
" ဒေါင်.. !!!! "
အသံကြောင့် ထယ်ယောင်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တယ် ။
" ဒေါင်.. !! "
ကျောက်ခဲလုံးက သံအမှိုက်ပုံးကို နောက်ထပ်တစ်ကြိမ်ထပ်မှန်ပြန်တယ် ။
" ဂျောင်ကု .. "
ဘောင်းဘီဘေးအိတ်ထဲကို လက်ထည့်ပြီး ဂျောင်ကုက ပေစောင်းစောင်းလှည့်ကြည့်လာသည် ။ ခြေထောက်က ကျောက်ခဲကိုတော့ အကန်မပြတ် ။
" ဒီအချိန်အထိမပြန်သေးဘဲ ရပ်စောင့်နေတာလား "
ခေါင်းကိုခဏခဏဖွတတ်သည့်လူနှင့်မတူစွာပဲ ထယ်ယောင်းအသံက သူ့အပေါ်မှာသာ သူစိမ်းဆန်သည်ဟု ဂျောင်ကုကတွေးသည် ။ ဒါကြောင့်ပဲ ဘာမှပြန်မဖြေဘဲ ထယ်ယောင်းကိုကျောခိုင်းက ကုမ္ပဏီကိုပြန်လာခဲ့သည် ။
တကယ်တော့ ဂျောင်ကုက သူ့ဘာသူတစ်ယောက်တည်း တဖက်သတ်ကြီးစိတ်တွေကောက်နေခဲ့တာ ။ ထယ်ယောင်းက ဂရုမစိုက်ဘူးဆိုတာကိုလည်း သိနေပါလျှက်နှင့် ။
တိုက်တိုက်ဆိုင်ဆိုင် လချုပ်စာရင်းတွေကလည်း အခုလမှ တော်တော်လေးစိတ်ရှုတ်စရာကောင်းနေသည် ။
ကိုယ့်အပူနဲ့ကိုယ်မို့ အပေါ်ထပ်ကုတ်ကို ထိုင်ခုံနောက်မှီပေါ်လွှားတင်လိုက်ပြီး အင်္ကျီကြယ်သီးနှစ်လုံးကိုဖြုတ်ကာ ရင်ဘတ်ဟပြဲနှင့် အလုပ်ဆက်လုပ်နေလိုက်သည် ။ ဂျောင်ကုရဲ့အခုပုံစံက တကယ်ကိုဖြစ်ကတတ်ဆန်းနိုင်သည် ။
လချုပ်စာရင်းတွေနဲ့ရှုပ်ပွနေတဲ့စားပွဲရယ် ၊ အငွေ့တထောင်းထောင်းနဲ့ကော်ဖီတစ်ခွက်ရယ် ... နောက်ပြီး ရင်ဘက်က ဟပြဲနဲ့ ၊ အင်္ကျီလက်ကိုလည်း မသေမသပ်ခေါက်တင်ထားသေးသည် ။ သူ့ရုံးခန်းနဲ့သူ့ပုံစံကတော့ တကယ်ကိုပနံရနေတာပါပဲ ။
မနက်လင်းတော့ အွန်းထက်က သူ့အတွက် suit တစ်စုံယူလာပေးသည် ။
" မနက်စာဘာမှာပေးရမလဲ သူဋ္ဌေးလေး "
" နေတော့ ။ ခဏနေ လချုပ်စာရင်းတွေသွားပို့ရင်းနဲ့မှ ဝင်စားလိုက်မယ် "
file တွဲတွေကိုစီပြီး ဂျောင်ကုက ကုမ္ပဏီကရေချိုးခန်းထဲကိုဝင်သွားလိုက်သည် ။

ESTÁS LEYENDO
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...