Zawgyi //
" ငယ်.. သည်းငယ်.. "
ထယ်ယောင်းက ဂျောင်ကုရှိတဲ့ဘက်ခြမ်းကို ကျောပေးပြီး အိပ်ပစ်လိုက်သည် ။
" ပြော.. ကိုယ့်စိတ်ကို တမင်စမ်းနေတာလား "
ငယ့်ကိုပက်လက်ဆွဲလှန်ပစ်ပြီး အပေါ်ကနေဖိချုပ်ထားလိုက်တော့ ငယ်ကရုန်းသည် ။ အစကတော့ ချော့ဖို့ကြံရွယ်လိုက်ပေမယ့် ထိကပ်နေတဲ့အနေအထားက ပုံမှန်မဟုတ်ချင်လာတော့ ဂျောင်ကုရဲ့မျက်ဝန်းအကြည့်တွေက တဖြည်းဖြည်းနဲ့နူးညံ့လာသည် ။ နူးညံ့မှုတွေရဲ့နောက်မှာ ရယူလိုတဲ့တောင်းဆိုမှုတွေပါ ငြိတွယ်လာသည် ။
ဂျောင်ကုရဲ့အခြေအနေကိုသိတဲ့ထယ်ယောင်းကလည်း အောက်ကနေ တံတွေးတွေကိုခဏခဏမြိုချပစ်နေသည် ။ ဂျွန်နဲ့ သူ မထိတွေ့ရသေးတာ ဘယ်လောက်တောင်မှကြာနေပြီလဲ ။ စိတ်ထဲကနေတောင့်တမိတော့ ခန္ဓာကိုယ်က ယားကျိကျိနဲ့နေရခက်လာသည် ။
" ကိုယ် ပြီးမှဆက်ချော့တော့မယ် ငယ် "
တိတ်ဆိတ်မှုကိုအဖော်ပြုစွာပဲ ဂျွန့်ရဲ့ခါးကို ခြေထောက်နဲ့မြဲအောင် ဖက်တွယ်ထားပစ်လိုက်သည် ။ ခုညတော့ ဂျွန်နဲ့အပြည့်အဝ သာယာပစ်ဦးမည် ။
ညတာက တိုတောင်းသည် ။ သို့သော် ဂျွန်ရှိ၍ နွေးထွေးသည် ။
" ချစ်လိုက်ရတာ ကိုယ့်ငယ်ရယ်.. "
ထယ်ယောင်းက နှစ်လိုဖွယ်ပြုံးပြီး ဂျောင်ကုပေးတဲ့အနမ်းကို ငြိမ်ငြိမ်လေးခံယူသည် ။ ပြီးဆုံးခြင်းမည်တိုင်း ဂျွန်ပေးတဲ့အနမ်းက မက်မောစရာကောင်းသည် ။
" မင်းအဖိုး သက်သာလား "
ထယ်ယောင်းက မေးလည်းမေးရင်း ဂျောင်ကုရဲ့ခါးကိုလည်း တိုးပြီးဖက်တွယ်ပစ်လိုက်သည် ။ စိတ်ကောင်းရှိလို့တော့ မဟုတ်ပေမယ့် မြန်မြန်သက်သာမှ ဂျွန်နဲ့သူက အတူရှိချိန်တွေပိုများမယ်လို့ တွေးမိလို့သာဖြစ်တယ် ။
" အင်း.. "
ထယ်ယောင်းက ဆက်မမေးတော့ ။ ဂျွန့်ကို အဲ့ဒီနေရာကနေ ပြန်လာစေချင်သည် ။ သို့သော် ထုတ်ဖော်ပြောမည်တော့မဟုတ် ။ အတွေးများနေတုန်းမှာပဲ ဂျွန့်ဖုန်းက Vibration သံမြည်လာသည် ။ ထယ်ယောင်းက မသိမသာသက်ပြင်းချသည် ။
![](https://img.wattpad.com/cover/293615282-288-k549873.jpg)
YOU ARE READING
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...