vow-03

5.9K 462 17
                                        

Zawgyi //

စာပွဲပေါ်မှာပဲ အိပ်ပျော်နေကျသူက ဒီနေ့တော့ အိပ်ရာထက်မှာနိုးနေတာကြောင့် ထယ်ယောင်းပြုံးလိုက်မိပါသေးသည် ။ ဘေးဘီဝဲယာကိုလှည့်ရှာကြည့်တော့ မနေ့ညကထိုလူက အစောကြီးပြန်သွားခဲ့ဟန်တူသည် ။

တအေးတဆေးထိုင်ပြီးစဉ်းစားခန်းဖွင့်ခွင့်မရတဲ့သူမို့ ခါးပေါ်ကစောင်ကိုခေါက်ကာ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး မနက်ခင်းအချိန်ပိုင်းအလုပ်ကို ပြေးရပြန်သည် ။

" ချိစ်တစ်ခုနဲ့ ကော်ဖီပဲချပေးပါ "

ဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းထားတဲ့ customer က သူ့ကိုမော့ကြည့်လာသည် ။

" ဂျောင်ကု ! "

" ကိုယ့်ကို မြန်မြန်လေးချပေးလို့ရမလား "

" သြော် .. အင်း အင်း "

အလျင်စလိုပဲ သူပြေးယူမိသည် ။

" ဒီမှာ ရပြီ "

" ခဏလေးထိုင်ဦး "

ဂျောင်ကုပုံက ပြုံးပြုံးလေးသာ..

" ထိုင်ရင် ကျွန်တော် အလုပ်ပြုတ်လိမ့်မယ် ဂျောင်ကု "

" ကိုယ် ရှင်းပြီးပြီ ။ အလုပ်မပြုတ်စေရဘူး "

မရမကပြောနေသောဂျောင်ကုကြောင့် အားနာနာနှင့် ဝင်ထိုင်လိုက်ရသည် ။

" ဘာလုပ်တာလဲ ဂျောင်ကု "

မှာထားတဲ့မုန့်တွေကို ရှေ့ထိုးပေးလာတာကြောင့် ထယ်ယောင်းကအလန့်တကြားမေးသည် ။

" မနက်က ဘာမှမစားလာဘူးမလား ။ အဲ့ဒါကြောင့် ကိုယ်မှာပေးတာ "

" ကျွန်တော့်ကို ဂရုစိုက်ပေးစရာမလိုဘူး ဂျောင်ကု ။ အားနာပေမယ့် ကျွန်တော့်ကိုခွင့်ပြုပါဦး "

ချက်ချင်းပဲထသွားတဲ့ထယ်ယောင်းကို ဂျောင်ကုတားလိုက်ချိန်မရခဲ့ ။ လက်လျှော့ပြီးသာ ဆိုင်ထဲကပြန်ထွက်လာခဲ့ရသည် ။

ဂျောင်ကုရဲ့စေတနာကိုအသိအမှတ်ပြုပေမယ့် သူ့လုပ်ငန်းခွင်ထဲအထိ ကဲကဲပိုပိုဂရုစိုက်ပြတာကိုတော့ ထယ်ယောင်းသဘောမကျပါ ။ အချိန်တန်ရင် အပေါ်ယံဟန်ဆောင်မှုတွေကကွာကျသွားမှာပဲဟု ထယ်ယောင်းက သတ်မှတ်ထားသည် ။

' VOW '  ( completed )Tempat cerita menjadi hidup. Temukan sekarang