vow-32

4.4K 341 24
                                    

Zawgyi //

ရင်ထဲကမွန်းကြပ်ခြင်းတွေကို အဖော်ပြုဖို့ brandy ပုလင်းကို လက်မှာကိုင်စွဲထားခဲ့သည် ။

ငယ်မရှိတော့တဲ့အခန်းကျဉ်းလေးမှာ brandy ပြင်းပြင်းကတော့ သူ့မျက်ရည်တွေနဲ့အတူ အဖော်ပြုခဲ့ပေးသားပဲ ။

ချာချာလည်မူးသွားတဲ့အချိန်ဆို brandy ပုလင်းကို လက်ထဲကချပြီး ငယ့်ခေါင်းအုံးလေးကို ရင်ထဲပိုက်ပြီး အိမ်မက်တွေထဲမှာ ငယ့်ကိုလိုက်ရှာတယ် ။ ပြောလို့သာပြောတာ တခါတခါကျ brandy ပုလင်းတောင် လက်ထဲကမချနိုင်ဘဲ မူးပြီးမှောက်ခဲ့တဲ့ညတွေက မနည်းခဲ့ဘူး ။

အချိန်တွေကိုနောက်လှည့်ကြည့်ရင် ငယ့်အတွက်လုပ်ပေးနိုင်တာဆိုလို့ တစ်ခုလေးတောင်မရှိခဲ့ဘူး ။ ငါက ဒီလိုမျိုး အရှက်မရှိနေထိုင်ခဲ့တာပဲ ။

ချစ်တယ်.. ချစ်တယ်လို့ တဖွဖွပြောခဲ့ပြီး အခုလည်း အရှက်တရားမရှိ မျက်နှာပြောင်တိုက်ပြီး ငယ့်ရဲ့အိမ်ငယ်လေးထဲမှာ ခိုကပ်ပြီးငြိတွယ်နေသေးတာ ။

သဘာဝတရားကြီးက လုပ်ရိုးလုပ်စဉ်အတိုင်းလည်ပတ်နေတာပါပဲ ။ လည်ပတ်နေတဲ့သဘာဝတရားကြီးထဲမှာ ဂျွန်ဂျောင်ကုဆိုတဲ့ သူ မပါခဲ့တာပဲရှိတာ ။ အချိန်တွေအကုန်လုံးကို အိပ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ပိတ်လှောင်ပြီး ထွေးပွေ့ပစ်ထားတာ ။

" သူဋ္ဌေးလေးဂျွန်.. "

" မင်း ထပ်လာပြန်ပြီလား "

brandy အကျန်ကိုကောက်မော့မယ်လုပ်တုံး လက်ထဲက ခွက်ကိုဆွဲလုသွားတာကြောင့် စုတ်သပ်မိသည် ။

" မင်း ငါ့ကို တစ်ယောက်တည်းပေးနေလို့မရဘူးလား အွန်းထက်ရာ ။ ငါ့ကို လွှတ်ပေးထားစမ်းပါ "

" လုံး ဝ လွှတ်မထားနိုင်ပါဘူး သူဋ္ဌေးဂျွန် ။ ကျွန်တော်က သေချာစောင့်ရှောက်ပေးဖို့ တာဝန်ရှိတယ် "

" ကျစ်... မင်းကို ဘယ်သူမှမစောင့်ရှောက်ခိုင်းဘူး ။ သောက်ပိုအလုပ်တွေလာမလုပ်ဘဲ ကုမ္ပဏီကိုသာဦးစီး ။ ပြန်တော့ "

" ဝယ်လာတွေစားပြီးမှပြန်မယ် "

" ထားခဲ့ကွာ ။ ပြီးရင်စားမယ် ။ ငါ့ အရက်ခွက်ပြန်ပေးဦး "

' VOW '  ( completed )Where stories live. Discover now