Zawgyi //
" အဖိုး .. ဒါ ကျွန်တော့်ရဲ့ကောင်လေး "
ဂျောင်ကုရဲ့အဖိုးဆိုသူက ထယ်ယောင်းကို စေ့စေ့စပ်စပ်သေချာကြည့်နေသည် ။ ထယ်ယောင်းကတော့ မတုန်မလှုပ် ။ ဂျောင်ကုရဲ့အဖိုးကိုတောင် စူးစူးစိုက်စိုက်ပြန်ကြည့်နေသေးသည် ။
" ငယ်.. "
" တွေ့ရတာ ဝမ်းသာပါတယ် ။ ကျွန်တော်က ဂင်ထယ်ယောင်းပါ "
ဂျောင်ကုစကားမစ,ခင် ထယ်ယောင်းက လက်တစ်ဖက်ပေးကာ နှုတ်ဆက်လိုက်သည် ။ မျက်နှာကတော့ ခက်ခက်ခဲခဲပြုံးယူထားပုံရသည် ။ သိတဲ့အတိုင်း ဂင်ထယ်ဆိုတာ ဘယ်သူ့ကိုမှအထင်မကြီး အယုံမလွယ်သည့်သူမျိုးမို့ ကိုရီးယားရဲ့ အအောင်မြင်ဆုံးစီးပွားရေးပညာရှင်ရှေ့ရောက်နေတာတောင် မျက်နှာကြောက ပြေလျော့မသွားပေ ။
" ကုကီ.. အဖိုးအတွက် ဆေးလက္ဖက်ရည်လေး သွားယူလာခဲ့ပေးလို့ရမလား "
" ဒါပေမယ့်.. အဖိုး ... "
ဂျောင်ကုမျက်နှာက အင်တင်တင်ရယ် ။ အဖိုးဖြစ်သူကိုကြည့်လိုက် ထယ်ယောင်းကိုကြည့်လိုက်နှင့် စိတ်ပူနေသည့်ပုံပေါ်သည် ။ နောက်ဆုံး ထယ်ယောင်းက ခေါင်းညိတ်ပြမှ လှည့်ကြည့် လှည့်ကြည့်နှင့် ထသွားသည် ။
" ဂျွန့်ကို ပ,ထုတ်ပြီးမှ ကျွန်တော့်ကိုပြောချင်တာက ဘာများလဲ အဖိုးဂင်ယူရှင်း "
တိုက်တိုက်ဆိုင်ဆိုင် ဂျောင်ကုအဖိုးနဲ့မှ မျိုးရိုးနာမည်ချင်းတူနေ၍ သူ ပြုံးလိုက်မိသေးသည် ။ ဂင်'မျိုးရိုးမှတော့ ကောင်းသည့်ပုံပေါ်မည်တော့ မဟုတ်ချေ ။
" ဂျောင်ကုကို ဘယ်လိုများချုပ်ကိုင်လိုက်တာလဲ "
" အဟက်... "
သူ့ဆီရောက်လာတဲ့သားအဖေနှစ်ယောက်လုံးရဲ့ပုံစံက အတူတူပဲမို့ ခပ်ရိုင်းရိုင်းပဲရယ်မိသည် ။ သူတို့အမြင်မှာ သည်ဂင်ထယ်က ယောက်ျားကျမ်းကို နောကြေနေပါသည်ပေါ့ ။
" ကျွန်တော်က ဘယ်လိုမျိုးချုပ်ကိုင်သလဲဆိုတာထက် ဘယ်သူက တကူးတကတိုးဝင်လာပြီး အပိုးကျိုးနေသလဲ ဂျွန့်ကိုပဲ ကိုယ်တိုင်မေးကြည့်လိုက်ပါ ။ "

ESTÁS LEYENDO
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...