vow-02

8.4K 531 8
                                    

Zawgyi //

တကယ်တော့ ငယ်နဲ့သူ့ရဲ့တွေ့ဆုံမှုက ရိုးရှင်းတာထက်ကိုပိုပါသည် ။

ငယ်က စာဖတ်ရတာနှစ်သက်တဲ့အတွက် ငယ့်ကိုတွေ့ချင်လျှင် စာကြည့်တိုက်မှာအမြဲလိုလိုရှိတတ်သည် ။

အမှတ်တမဲ့ဆုံတွေ့မှုကနေစတင်ခဲ့တဲ့ဇာတ်လမ်းက မျက်မှန်ဝိုင်းဝိုင်းလေးနဲ့ကောင်လေးကိုစွဲလန်းမိသွားရာမှ... သို့တည်းမဟုတ် ၊ ကျောင်းချိန်ပြီးလျှင် အချိန်ပိုင်းအလုပ်နှစ်ခုသုံးခုကို ညဆယ်နာရီထိ မနားတမ်းလုပ်တတ်တဲ့ကောင်လေးကို စိတ်မချမိရာမှ စခဲ့သည် ။

ထိုပူပန်မှုက ဘာကြောင့်လဲအဖြေရှာမရခင်အထိ ကောင်လေးရဲ့အိမ်ပြန်ချိန်တိုင်းမှာ နောက်ကနေ တိတ်တိတ်လေးအမြဲလိုက်ခဲ့ဖူးသည် ။

ကောင်လေးရဲ့အိမ်က တောင်တက်လမ်းသဖွယ်ရပ်ကွက်လေးမို့ တိတ်ဆိတ်လွန်းပြီး အကွေ့အကောက်လည်းသိပ်များသည် ။

တစ်နေ့တော့ မျက်မှန်ဝိုင်းဝိုင်းနဲ့ထိုကောင်လေးက သတိထားမိသွားခဲ့တယ်ထင်ပါရဲ့ ။

" ထွက်လာခဲ့ပါ ။ ကျွန်တော် ခင်ဗျားလိုက်လာမှန်းသိတယ် "

အသံစွာစွာလေးကြောင့် မှောင်ရိပ်ထဲကနေ နီကြောင်ကြောင်မီးရောင်အောက်ထိ သူထွက်လာခဲ့သည် ။ ခေါက်ဆွဲထုပ်နဲ့ဘီယာဖြစ်ပုံရတဲ့သံဗူးကိုကြွပ်ကြွပ်အိတ်တစ်ခုထဲပေါင်းထည့်ပြီးဆွဲလာတဲ့ကောင်လေးက သူ့ကိုပြုံးပြကာ ရပ်စောင့်နေသည် ။

အဲ့ဒီနေ့ကငယ့်ရဲ့ပုံရိပ်လေးကို သူကောင်းကောင်းမှတ်မိနေပါသေးသည် ။ ငယ်က ဦးထုပ်အနီရောင်လေးကိုနောက်ပြန်ဆောင်းပြီး ကြွပ်ကြွပ်အိတ်ကိုဆွဲကာ လက်တစ်ဖက်က ဘောင်းဘီဘေးအိတ်ထဲထိုးထည့်ထားသည် ။

" ခေါက်ဆွဲအတူလိုက်စားမလား ။ ကျွန်တော် တစ်ယောက်တည်းစားရမှာပျင်းလို့ "

တဆိတ် !! အခုလုပ်ရပ်က အန္တရာယ်မများဘူးလား ။ သူစိမ်းယောက်ျားလေးတစ်ယောက်ကို ခေါက်ဆွဲအတူစားဖို့အိမ်ခေါ်တယ်ဆိုတာက.. ။

" ကျွန်တော်က သဘောရိုးပြောတာနော် ။ ဆန်းဆန်းပြားပြားတွေတွေးနေရင် မလိုက်ခဲ့နဲ့တော့ "

' VOW '  ( completed )Where stories live. Discover now