Zawgyi //
~~ ဖတ် ~~
အေးစက်စက်လက်ဖျားက ပါးပြင်ကိုခပ်ဆတ်ဆတ်လေးထိတွေ့ကြည့်တော့နာသည် ။ ဒါဆို ဒါ အိမ်မက် မဟုတ်ဘူးပေါ့ ။ ငယ်ကသူနဲ့ အတူရှိနေခဲ့ပြီး အခုပဲ သူ့ကိုဝန်ခံလိုက်တာ အတိအကျပေါ့ ။
" ငယ်.. ကိုယ့်ကို နောက်တစ်ခါလောက်ထပ်ပြောပေးစမ်းပါ ။ ကိုယ် သေချာအောင် အတည်ပြုကြည့်ချင်လို့ "
သူ့အဖြစ်က ထီလက်မှတ်ကိုင်ပြီး တကယ်ထီပေါက်သလားလို့ ထီဆိုင်ရှေ့မှာ အော်မေးနေသည်နှင့်တူသည် ။
" မင်းကလည်း စကားကို ဘာလို့တစ်ခါနဲ့ကြားအောင် နားမထောင်ရတာလဲ "
ထယ်ယောင်းက စိတ်မရှည်ဟန်ပြပြီး သူ့အရှေ့ကနေရှောင်ပြေးဖို့ပြင်သည် ။ ဒါကိုသိတဲ့ဂျောင်ကုက ထယ်ယောင်းရဲ့လက်ကို အမိအရဖမ်းဆုပ်ထားပစ်သည် ။
" ကိုယ် ကြားပါတယ် ငယ်ရဲ့ ။ ကိုယ်က သေချာအောင်ထပ်ပြီး နားထောင်ချင်လို့ပါ ။ နော် .. "
" မင်း ကြားတာ အမှန်ပဲ ဂျွန်ရာ ။ ထပ်မမေးနဲ့တော့ ငါ မပြောချင်တော့ဘူး "
ရှက်ရွံ့မှုကိုဖုံးကွယ်ဖို့ ဒေါသရိပ်ကလေး မနည်းဖျစ်ညှစ်ပြီးထွက်ပြနေတဲ့ထယ်ယောင်းက နောက်ဆုံးတော့ ယုန် မုန်လာဥရသလို စပ်ဖြီးဖြီးဖြစ်နေတဲ့ ဂျောင်ကုရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရတာပါပဲ ။
တစ်အိုးတစ်အိမ်ထူထောင်လို့ သွေးသားနှီးနှောပွဲကို အကြိမ်ကြိမ်ကျင်းပပြီးကာမှ အကြင်သူဆီကချစ်တယ်ဆိုသောစကားကိုကြားရတာ နည်းနည်းတော့ကန့်လန့်တိုက်လှသည် ။ ဂျောင်ကုအတွက်ကတော့ ထယ်ယောင်းနှုတ်ကနေထွက်သမျှစကားတိုင်းက ကန့်လန့်လာလာ ၊ ဘေးတစောင်းလာလာ အကုန်အဆင်ချောသည် ။
" ကိုယ့် ရင်ထဲမှာ ဘယ်လိုတောင် ဝုန်းဒိုင်းကြဲနေသလဲ ငယ့်ကိုထုတ်ပြချင်လိုက်တာ ငယ်ရာ "
" အခုတောင်နားငြီးနေပြီကို ထုတ်မပြပါနဲ့ ။ မင်း ရင်ထဲမှာပဲသိမ်းထား "
သူ့ကောင်ဆိုးလေးပြောသမျှကို ဂျောင်ကုက သဘောတကျလိုက်ရယ်သည် ။
" ချစ်လိုက်ရတာ ကိုယ့်ငယ်ရယ် "
" သိပ်မကဲစမ်းနဲ့ ဂျွန် ။ မင်းနဲ့ငါ အခုရပ်နေတာ လမ်းပေါ်က ပလက်ဖောင်းမှာဆိုတာလည်း သတိရဦး "

DU LIEST GERADE
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...