vow-21

3K 274 17
                                    

Zawgyi //

ဂင်ယူရှင်းက ရောက်လာသည့်အခွင့်အရေးကို အမိအရဖမ်းဆုပ်ပစ်တတ်သည် ။ လောဘကြောင့်ဖြစ်တည်လာသည့် ရောဂါကိုအကြောင်းပြုပြီး ဂျွန့်ကို သူ့ဆီကနေဆွဲထုတ်ဖို့ ကြိုးစားလာပြန်သည် ။

" ဒီအတိုင်းဆို UEA က ပြိုလဲသွားမှာစိုးရိမ်ရတယ် ငယ် ။ အဖိုးက အဲ့ဒီစိတ်နဲ့ပဲ ဆေးရုံပေါ်ရောက်နေခဲ့ရတာ "

ဂျွန့်ရဲ့စကားတွေကို ငြိမ်ငြိမ်လေးပဲ သူနားထောင်ပေးမိသည် ။ ထောင်ချောက်ထဲရောက်မှန်းမသိရောက်နေခဲ့တဲ့ဂျွန်ကတော့ သူ့အဖိုးရဲ့ကျန်းမာရေးကသူ့ကြောင့်ပါဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တွေတင်နေလေရဲ့ ။

" အဲ့တော့ ဘယ်လိုလုပ်မယ်လို့ မင်း စဉ်းစားထားသလဲ ဂျွန် "

" UEA ကို ကိုယ်ပြန်သွားရမယ် "

ထယ်ယောင်းက မျက်ခုံးပင့်မိပေမယ့် ဂျောင်ကုရဲ့စကားကို ကန့်ကွက်ခြင်းတော့မပြုခဲ့ဘူး ။ သူကန့်ကွက်ရင် ဂျွန်ကနောက်ဆုတ်မယ်ဆိုတာသိပေမယ့် ဂျွန့်ကို အပြစ်ရှိတဲ့သူတစ်ယောက်လိုမျိုး ကိုယ့်ကိုယ်ကို မခံစားနေစေချင်ဘူး ။

ဒါကြောင့် ထယ်ယောင်းက ဂျောင်ကုရဲ့စိတ်ကို အဆုံးစွန်ထိလိုက်လျောပေးဖို့ ဆုံးဖြတ်ထားတယ် ။ ဂျောင်ကုဘက်က သူ့ကို အကြင်နာတရားကင်းမဲ့သူတစ်ယောက်လိုမျိုး အထင်သေးမှာကို ကြောက်တာလည်း ပါတယ်ပေါ့ ။

" မင်း အဆင်ပြေမယ်ထင်သလိုလုပ်ပေါ့ ။ "

" ငယ် လက်ခံတယ်ပေါ့ "

ထယ်ယောင်းက ခေါင်းပဲညိတ်ပြသည် ။ သူ့ရဲ့လက်မခံခြင်းကို သူ့ရင်ထဲမှာပဲ သူသိမ်းထားသည် ။

" အွန်းထက်တစ်ယောက်တည်း နိုင်ပါ့မလား ။ ငါလည်း ဝင်မကူပေးနိုင်တော့ "

" ရတယ် ။ ငယ်က ကိုယ့်စာပဲကိုယ်ဂရုစိုက်ပေါ့ "

ဝေးကွာခြင်းတွေက အဲ့နေရာကနေပဲ စတင်ခဲ့တယ်ထင်ပါရဲ့ ။

ဂျွန်က အိမ်ပြန်ချိန်တွေ နောက်ကျတတ်လာတယ် ။ တခါတခါလည်း ပြန်မလာတဲ့ရက်တွေတောင်ရှိခဲ့တယ် ။ ဂျွန်မရှိတဲ့ အခန်းကျဉ်းလေးကနွေးထွေးမှု လုံလုံလောက်လောက်မရှိဘူးဆိုတာကိုလည်း သူသိလာခဲ့ရတယ် ။

' VOW '  ( completed )Where stories live. Discover now