vow-23

3K 295 24
                                    

Zawgyi //

" အစ်ကိုလေး.. ကျောင်းမသွားဘူးလား "

ဂျွန်ထသွားကတည်းက နေမထိထိုင်မသာနဲ့မို့ အိပ်ရာထဲမှာလူးရင်းလှိမ့်ရင်းကပဲ အကြံရပြီး သူတို့ကုမ္ပဏီသေးသေးလေးဆီကိုထွက်လာခဲ့တာ ။ ရောက်လာတော့ အွန်းထက်က ပြာပြာသလဲထွက်မေးရှာတယ် ။

" ငါ လုပ်စရာလေးရှိလို့ ။ ဂျွန့်ကို ပြန်မပြောနဲ့ "

" အိုး... ကျွန်တော် ကော်ဖီသွားဝယ်ပေးရမလား "

အွန်းထက်က အားကျသည်ဆိုသောအပြုံးမျိုးပြုံးရင်း ကော်ဖီဝယ်ဖို့ အပြေးလေးပြေးထွက်သွားသည် ။ အွန်းထက်မရှိတုန်း ရုံးခန်းထဲကဂျွန့်ထိုင်ခုံလေးမှာ ကြာကြာလေး သူထိုင်နေမိသေးသည် ။

" ကော်ဖီရပါပြီ အစ်ကိုလေး ။ "

စားပွဲပေါ်ချပေးလာတဲ့ကော်ဖီခွက်ကိုအနံ့မွှေးကြည့်ပြီး အွန်းထက်ကိုပြုံးပြမိသည် ။

" ဂျွန် ဒီနေရာကိုလာမကြည့်တော့ဘူးလား "

တကယ်တော့ ထယ်ယောင်းက Show case ကိစ္စပြီးကတည်းက စက်ရုံဘက်ကိုလာမကြည့်ဖြစ်တော့တာ ။ အဲ့တော့ စက်ရုံမှာဘယ်လိုလည်ပတ်နေသလဲလည်း မသိသလို ဂျောင်ကုဘယ်လိုစီမံခဲ့တယ်ဆိုတာလည်း မသိခဲ့ဘူး ။

" အစ်ကိုလေး မသိဘူးလား ။ သူဋ္ဌေးလေးက ဒီစက်ရုံကို ကျွန်တော်ပဲဦးစီးလိုက်တော့ဆိုပြီး UEA ကိုပြန်သွားခဲ့တာ ။ ဒီနေ့တောင် ဥက္ကဋ္ဌရွေးပွဲအတွက် စီစဉ်စရာတွေနဲ့ UEA မှာ သူဋ္ဌေးလေးဗျာများနေလောက်ပြီ "

ထယ်ယောင်းက သြော်' ဟုသာ ရေရွတ်လိုက်ပြီး ငြိမ်ကျသွားခဲ့သည် ။ ဒါဆို ဂျွန်က ဥက္ကဋ္ဌရွေးပွဲတက်ဖို့အတွက် မနက်အစောကြီး သူ့ကိုထားခဲ့တာပေါ့ ။

" အွန်းထက်.. ငါ့ကို နှင်းဆီသစ်သားလေးရှာပေးထားပါလား "

" ဘယ်လောက်လိုတာလဲ အစ်ကိုလေး ။ အခုလား "

" အခု အဆင်သင့်ရှိလား "

" ဟိုဘက်အခန်းထဲမှာ မနေ့ကရောက်တာတွေရှိသေးတယ်ထင်တယ် ။ ကျွန်တော် သွားကြည့်ပေးမယ် "

" မဟုတ်ဘူး နေတော့ ။ ငါ့ဟာငါပဲကြည့်လိုက်မယ် "

ထယ်ယောင်းက အခန်းထဲဝင်ပြီး သစ်သားပိုင်းတွေကို စိတ်ကြိုက်ရွေးယူနေတယ် ။ သူ့စိတ်ထဲမှာလည်း မေးခွန်းတွေပေါင်းစုံနေတယ် ။

' VOW '  ( completed )Donde viven las historias. Descúbrelo ahora