vow-20

3.3K 278 29
                                    

Zawgyi //

" ဒါက ညစာစားပွဲမှ မဟုတ်တာ ။ မိတ်ဆုံစားပွဲတစ်ခုဖြစ်နေတဲ့အတွက် ကျွန်တော့်ကို ပြန်ခွင့်ပြုပါ မား "

ဂျောင်ကုက မိုရာတို့ မိသားစုရောက်နေတဲ့ ထမင်းဝိုင်းကိုလှမ်းကြည့်ပြီး အိမ်ထဲကနေပြန်ထွက်ဖို့ပြင်သည် ။

" အခုချက်ချင်း အိမ်ထဲပြန်ဝင်စမ်း ဂျွန်ဂျောင်ကု ။ အဲ့ဒီကောင်လေးကြောင့် လူ့ကျင့်ဝတ်တွေကိုတောင် မမြင်နိုင်လောက်အောင် မင်းမျက်စိတွေအလင်းကွယ်နေပြီလား "

နောက်ကနေရောက်လာတဲ့အဖိုးဖြစ်သူကို ဂျောင်ကုက လှည့်ကြည့်ပြီး သက်ပြင်းချသည် ။

" အဖိုးအကြံတွေ ဒါအကုန်ပဲလား ။ အဖိုးလည်း သိတယ်မလား ။ ကျွန်တော် ဘယ်လောက်ခေါင်းမာသလဲဆိုတာ "

" မင်းဘယ်လောက်ခေါင်းမာမာ ငါ့လက်အတွင်းကပြေးမလွတ်တာကို ပိုပြီး ကောင်းကောင်းသိထားတယ် "

" ကျွန်တော့်ကို လွတ်မြောက်ခွင့်ပေးပါတော့ အဖိုး ။ ကျွန်တော့်ဘဝနဲ့ကျွန်တော် ရပ်တည်ဖို့အတွက် အခုမှကြိုးစားနေတုန်းမို့ .. ကျွန်တော်နဲ့ငယ့်ကို ဒီတိုင်းလွှတ်ထားပေးလို့ မရဘူးလား "

အဖိုးက ပြုံးသည် ။ အဖိုးရဲ့အပြုံးက ဘယ်လောက်ထိကောက်ကျစ်သလဲဆိုတာ သူကောင်းကောင်းသိထားသည် ။ အခုအချိန်ထိအဖိုးငြိမ်နေတာဟာ ကောင်းသောတည်ငြိမ်ခြင်းမဟုတ်တာကိုလည်း ဂျောင်ကုက ကောင်းကောင်းသိထားသည် ။

" လုပ်ငန်းတစ်ခုကိုတည်ထောင်နိုင်သွားလို့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေတာလား "

" မိုရာကို အဖိုးလွှတ်လိုက်တာလား "

" Nice !! .. သိနေရက်နဲ့ ဘာလို့လက်ခံခဲ့သလဲ "

အဖိုးက လက်ခုပ်တီးကာ သဘောတကျရယ်သည် ။ သူကတော့ နှာခေါင်းရှုံ့မိသည် ။ တကယ်တော့ မိုရာ့ကို အဖိုးလွှတ်လိုက်မှန်း အခုလေးမှ သူရိပ်မိခဲ့တာ ။

" အဖိုးရဲ့အကြောင်းကို ကျွန်တော်က ကောင်းကောင်းကြီးသိနေခဲ့လို့ပေါ့ ။ ဒါပေမယ့် အဖိုး ဒီလောက်ထိလုပ်မယ်လို့တော့ ဘယ်ရိပ်မိခဲ့ပါ့မလဲ "

' VOW '  ( completed )Donde viven las historias. Descúbrelo ahora