vow-24

3.1K 290 26
                                        

Zawgyi //

" ကဲ.. ပြော "

အိပ်ရာခင်းပေါ်မှာငြိမ်ငြိမ်လေးထိုင်ခိုင်းထားပြီး ကိုယ်တိုင်ကတော့မတ်တပ်အနေအထားနဲ့သာ ထယ်ယောင်းက ဖြေရှင်းချက်တောင်းသည် ။

" ဘာ.. ဘာကိုလဲ ငယ်ရဲ့ "

မျက်လုံးလေးလှန်ကာ ဘာမှမသိသည့်ပုံနှင့်မေးတော့ ထယ်ယောင်းက မျက်ခုံးတစ်ဖက်ကိုပင့်တင်ပြသည် ။ ဂျောင်ကုက တံတွေးကိုမြိုချရင်း ထယ်ယောင်းရဲ့အကြည့်စူးစူးကိုရှောင်လွှဲဖို့ ခေါင်းကိုငုံ့ပစ်သည် ။

" အဲ့ခြေထောက်ကဒဏ်ရာဘယ်လိုရလာသလဲဆိုတာ အရင်ရှင်းပြ "

" ဒါ.. ဒါလား ။ ဒါက လှေကားမှာ မတော်တဆခြေချော်ကျမိတာ ။ အလျင်လိုနေတာနဲ့.. "

ဂျောင်ကုက ထယ်ယောင်းဆီကနေ ရှပ်ပြာပြာနိုင်လိုက်တာ"ဆိုတဲ့ ပြောနေကျအပြစ်တင်သံလေးကြားရမယ်လို့ပဲ မျှော်လင့်ထားတယ် ။

" အဆစ်လွဲသွားတာလား "

" နည်းနည်းလေးပဲထိမိသွားတာပါ ။ ဆေးသေချာလိမ်းထားတော့ ခုညနားလိုက်ရင် မနက်ကျလမ်းလျှောက်နိုင်မယ်ပြောတယ် "

ထယ်ယောင်းက ဘာမှဆက်မပြောတော့ဘဲ ဂျောင်ကုဘေးမှာဝင်ထိုင်လိုက်သည် ။ မျက်ခုံးနှစ်ခုကိုတွန့်ချိုးထားပြီး တခုခုကိုအလိုမကျသည့်ဟန်လည်းရှိသည် ။

" ငယ်.. သဝန်တိုနေတာလား "

" မဟုတ်ဘူး ။ သဘောမကျတာ .. အဲ့မိန်းကလေးနဲ့အတူရှိနေတာကို သဘောမကျတာ "

လေထုကတိတ်ဆိတ်သွားသည် ။ ထယ်ယောင်းက စိတ်အလိုမကျသလို လေပူတွေမှုတ်ထုတ်လိုက်ပြီး ဂျောင်ကုနဲ့မျက်နှာချင်းဆိုင်လှည့်ထိုင်သည် ။

" ငါ မင်းကို မိုရာဆိုတဲ့မိန်းကလေးနဲ့ စိတ်မချဘူး ဂျွန် "

ဒါ ထယ်ယောင်းဘက်က အပွင့်လင်းဆုံးဝန်ခံခြင်း ။ မိုရာ ဆိုသောမိန်းကလေးကို သူ ကြည့်မရဘူး ။ အထူးသဖြင့် ဂျွန့်အနားမှာ တမင်ရစ်သီနေတာမျိုးကို သဘောမကျဘူး ။

" မိုရာနဲ့ကိုယ်က လုပ်ငန်းသဘောအရပါပဲ ငယ်ရဲ့ "

" ခွေးလေးတွေတောင် အရောတဝင်နေရင် ရတဲ့နေရာလျှာနဲ့လျက်ချင်ကြသေးတာပဲ ဂျွန် ။ မဖြစ်ပါဘူးကွာ ။ ငါ မင်းကိုလုံးဝ စိတ်မချဘူး "

' VOW '  ( completed )Onde histórias criam vida. Descubra agora