Zawgyi //
" sam.. ကျွန်တော့်ရဲ့ သမီးလေးရော "
" ရှင်... ခုနကပဲ သူ့ဦးလေးလုပ်တဲ့သူ လက်မှတ်ထိုးပြီးခေါ်သွားတယ် Apa Kim "
" ဗျာ.. "
ရင်ထဲမှာ ချက်ချင်းပဲ ပူလောင်လာရသည် ။ မူကြိုပို့တာ ရက်ပိုင်းပဲရှိသေးတယ် သမီးလေးပျောက်ရပြီ ။ ဘယ်သူကများ သမီးငယ်ကိုလိမ်လည်ပြီးခေါ်ဆိုသွားရတာလဲ ။
" sam.. ကျွန်တော့်ကို sing လေး တစ်ချက်လောက်ပြပေးလို့ရမလား "
" ဒီမှာပါ apa Kim "
ကမ်းပေးလာတဲ့စာအုပ်ကို တုန်တုန်ရီရီနဲ့ပဲဖွင့်ပြီး လိုက်ရှာမိသည် ။
" ဂျွန် .. ? "
သေချာပါတယ် ။ ဒါ ဂျွန့်လက်မှတ်ပဲကို .. သူကောင်းကောင်းကြီးသိတာပေါ့ ။
" ချွဲဂျွန်း... မနက်က customer ရဲ့ ဖုန်းနံပါတ်လေးအခုပို့ပေးလို့ရမလား "
ရုံးကကောင်လေးဆီဖုန်းဆက်အကူအညီတောင်းပြိီး လူကလည်းအငြိမ်မနေနိုင်စွာ ဟိုဟိုသည်သည် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိသည် ။
~Tin~
နဖူးပြင်ကချွေးတွေကိုသုတ်ပြီး ချွဲဂျွန်းပို့ပေးတဲ့နံပါတ်ကို အလျင်အမြန်ပဲခေါ်ဆိုလိုက်သည် ။
တူ.........
" .... "
" ဂျွန် .. ကျွန်တော့်သမီးအခုဘယ်မှာလဲ ။ ကျွန်တော့်သမီးကို ဘယ်ခေါ်သွားတာလဲ "
" ... "
" တောက်...မကောင်းတဲ့ဂျွန် "
" Taxi !! "
" ယိုဒုံးရပ်ကွက်ကို အမြန်မောင်းပေးပါ ။ အမြန်လေး "
ကားကိုအမြန်တားပြီး ဂျွန်ချိန်းသောနေရာသို့ အလျင်စလိုမောင်းခိုင်းမိသည် ။ သူ့ရင်ထဲက အပူမီးကို သူပဲသိသည် ။ တကယ်လို့များ ဂျွန်က သူ့သမီးမှန်းသိသွားပြီး သမီးငယ်ကို သူ့ရင်ထဲကနေဆွဲထုတ်ဖို့ကြိုးစားခဲ့ရင်... ဟင့်အင်း.. သမီးငယ်မရှိရင် သူသေရလိမ့်မယ် ။
" ဦးလေးကြီး မြန်မြန်မောင်းပေးပါ "
" အခုတောင် သတ်မှတ်ထားတဲ့အရှိန်ထက်နည်းနည်းကျော်နေပြီ ကောင်လေး ။ ဒီထက်ပိုမြန်လို့မရတော့ဘူး "
YOU ARE READING
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...