Zawgyi //
စိတ်ပညာမေဂျာမဟုတ်သော်လည်း ထယ်ယောင်းက ဂျောင်ကုရဲ့စိတ်ကို ခန့်မှန်းမိသည် ။ ခန့်မှန်းမိ၍လည်း မသိချင်ဟန်ဆောင်သည် ။
ဂျောင်ကုရဲ့မျက်ဝန်းတွေက ကြောက်ဖို့ကောင်းသည် ။
" ထယ်.. "
ဂျောင်ကုအသံကား တိုးသည် ။ သို့သော် သူ့နားစည်မှတစ်ဆင့် ရင်ထဲကို အရှိန်အဟုန်ဖြင့် တဒိန်းဒိန်းတိုးဝင်လာသည်နှင့်တူသည် ။
" ငါ.. ငါ သွားတော့မယ် ဂျောင်ကု ။ အချိန်ပိုင်းအလုပ် နောက်ကျတော့မယ် "
သူ ရှောင်ပြေးခဲ့ပြန်ပါသည် ။
ထွေပြားသောစိတ်နှင့် လှိုက်ဖိုသောရင်ကို ပိုက်ပြီး bus ပေါ်မှာ ထယ်ယောင်းက ကျကျနနနေရာယူထားသည် ။
'' ကလောင် !!! ´´
" ခုည ကျောင်းသားတွေ့ဆုံပွဲ ရှိတာပဲ "
ဖုန်းထဲဝင်လာတဲ့ message ကိုစစ်ရင်း ထယ်ယောင်းက သက်ပြင်းချသည် ။ ခုညလည်း သူ ဂျောင်ကုရဲ့မျက်ဝန်းတွေနှင့်ရင်ဆိုင်ရဦးမည် ။
အချိန်တွေက မျက်တောင်တစ်ခတ်အတွင်း လည်ပတ်နေသည်ထင်ရသည် ။ ကံကြမ္မာက ဂျောင်ကုရဲ့မျက်ဝန်းတွေနဲ့ဆုံအောင်များ သူ့ကို တမင်တကာတွန်းပို့နေလေသလား..
" ထယ်.. "
" အော.. အွန်း.. ရောက်တာကြာပြီလား ဂျောင်ကု "
ထယ်ယောင်းက မျက်လွှာကိုချထားရင်း မျက်လုံးကိုကစားနေသည် ။ ဂျောင်ကုမျက်ဝန်းတွေက သူ့ကို အနေခက်စေသည် ။
" ကိုယ်လည်း အခုမှရောက်တာ "
ဂျောင်ကုက ထယ်ယောင်းကို သေချာအကဲခတ်သည် ။ ထယ်ယောင်း သူ့ကိုရှောင်ဖယ်နေဦးမှာကို သူမလိုလား ။
" အထဲမှာ လူများတယ် ။ ထယ် နေတတ်ပါ့မလား "
ဂျောင်ကုရဲ့ဂရုစိုက်ပုံက ပါတီပွဲကျင်းပပေးသည့် ပိုင်ရှင်တစ်ယောက်နှင့်ပိုတူသည် ။
" ရတယ် ။ ကျွန်တော် အထဲမှာပဲ ထိုင်ချင်တယ် "
တကယ်က ဂျောင်ကုမျက်ဝန်းတွေနဲ့မဆုံရရင်ပြီးရောဆိုပြီး ထယ်ယောင်းက ပြီး ပြီးရော ပြောလိုက်ခြင်းသာ ။ အထဲကို ခြေလှမ်းချလိုက်မိတဲ့အချိန်မှာပဲ ထယ်ယောင်းက ပြန်ပြေးချင်စိတ်ပေါက်သွားတယ် ။

ŞİMDİ OKUDUĞUN
' VOW ' ( completed )
Hayran Kurguအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...