Zawgyi //
" ပါး... ထ ... ပါး .. "
" ခဏလေးပြန်အိပ်ပါဦး သမီးငယ်ရယ် ။ ပါး အိပ်ချင်နေသေးတယ် "
နှုတ်ခမ်းလေးဆူကာ ဟွန့်' ဆိုပြီး တဖက်လှည့်သွားတဲ့သမီးငယ်ရဲ့အလိုမကျတဲ့ပုံစံကြောင့် အိပ်ချင်မူးတူးကြားကနေ ပြုံးလိုက်မိတယ် ။ သမီးက တဖက်လှည့်သွားပြီး သူ့အာပါးကို နှိုးနေလေရဲ့ ။
" အာပါး... ထ.. "
" မွမွ... ထတော့.. အာပါး !! "
သမီးငယ်က ဂျွန့်ပါးပြင်ကို တမွမွနမ်းပြီးနှိုးရင်း မထတော့တဲ့အဆုံးကျ ဂျွန့်နား,နားကိုကပ်ကာ အော်နှိုးတော့သည် ။
~~ဖတ်~~~~
နှိုးလို့မရတော့ ဖောင်းကစ်ကစ်လက်ဝါးလေးနဲ့ မျက်နှာကိုရိုက်ပစ်လိုက်ချေပြီ ။
" အာပါးရဲ့အဆိုးလေးက အာပါးကိုရိုက်ရက်တယ်ပေါ့လေ ။ ဟုတ်လား အဆိုးလေး .. လာခဲ့ ဒီကို "
လည်ပင်းလေးကို လက်ချောင်းနဲ့ပွတ်သပ်ပြီး စတော့ ယားလို့တခစ်ခစ်ရယ်တဲ့အသံက မနက်ခင်းရဲ့ဆည်းလည်းလေး ..
" အာပါးကို popo... morning kiss "
နှုတ်ခမ်းပိစိလေးကိုဆူထော်ပြီး ပြွတ်စ်' ခနဲမြည်အောင် သူ့နှုတ်ခမ်းပေါ်ကိုလာနမ်းရှာတဲ့ သမီးလိမ္မာလေး ။
" အာပါး... ပါး .. အိပ်ပုတ် "
candy တို့က အားကိုးရတော့ အာပါးလုပ်သူကို လက်ညှိုးထိုးပြပြီး တိုင်တန်းနေတော့တာ ။
" ပါးကိုလည်း popo ပေးလိုက် ။ candy က popo ပေးရင် ပါး နိုးလာလိမ့်မယ် "
~~ပြွတ်စ်~~
" အော်ဟော်.. အိပ်နေတာကို ဘယ်သူခိုးနမ်းနေတာလဲ "
" ခ်ခ်ခ်ခ်.. အာပါး "
ရင်ခွင်ထဲကိုဆွဲဖက်ပြီး မျက်နှာအနှံ့လိုက်နမ်းပစ်တော့ တခစ်ခစ်ရယ်ပြီး သူ့အာပါးကိုလွှဲချနေတဲ့သမီးငယ် ။ ဂျွန်ကတော့ သူတို့သားအဖကို ပြုံးပြုံးကြီးထိုင်ကြည့်နေလေရဲ့ ။
" morning ဂျွန် "
" morning ကိုယ့်အချစ် "
ဂျွန်က အနားကိုတိုးကပ်လာကာ သမီးလေးနဲ့သူ့ကိုအုပ်မိုးဖက်လိုက်ပြီး သူ့နဖူးပေါ်ကိုအနမ်းခြွေလေရဲ့ ။

YOU ARE READING
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...