Zawgyi //
မိုရာ့အိမ်ကနေပြန်အထွက်မှာ စိတ်ရှုပ်စရာအခြေအနေနဲ့ကြုံရတော့တာပဲ ။ ခဏတွင်းချင်းမှာပဲ လဲသေချင်စိတ်ပေါက်သွားတယ် ။ ဒီသတင်းထောက်တွေကို ဘယ်သူခေါ်ထားတာလဲ ။
" သူဋ္ဌေးဂျွန်နဲ့ REYER ဆက်ခံသူနဲ့က ဘယ်လိုပက်သက်လဲဆိုတာ အတိအကျဖြေပေးပါ သူဋ္ဌေးဂျွန် "
" REYER ဆက်ခံသူနဲ့ ယူတော့မယ်ဆိုတာ တကယ်ပဲလား "
အခြေအမြစ်မရှိတဲ့မေးခွန်းတွေနဲ့ ဘယ်လိုစွပ်စွဲမေးခွန်းမျိုးတွေလဲ ။ ဒီလိုခြံဝမှာစုပြုံပြီးမေးနေကြပုံနဲ့ အိမ်ထဲကနေ သူဘယ်လိုထွက်လို့ရမှာလဲ ။ တောက်... မိန်းမယုတ် ။ ကြာကြာခြေမချချင်သောအိမ်ထဲကို နောက်တစ်ခေါက် သူဝင်ခဲ့ရပြန်သည် ။
" ဂွန်း မို ရာ !! "
" အစ်ကို မိုရာ့ဆီ ပြန်လာတယ်ပေါ့ "
" မင်း မျက်နှာပြောင်မတိုက်နဲ့ ။ သတင်းထောက်တွေကို မင်းခေါ်ထားတာမလား "
" သတင်းထောက်တွေရောက်နေတာလား "
မသိသလိုဟန်ဆောင်ပြီး ပြတင်းပေါက်အပြင်ကနေကျော်ကြည့်တဲ့ မိုရာ့ကို လည်ပင်းကနေကိုင်ညှစ်ကာ နံရံမှာကပ်ပြီးတွန်းထားလိုက်မိသည် ။
" အ့.. "
" ငါ လူသတ်ဖို့ဝန်မလေးဘူးနော် ဂွန်းမိုရာ ... မင်းလိုမိန်းမမျိုးကို လွယ်လွယ်လေးသတ်ပစ်လိုက်လို့ရတယ်ဆိုတာ နားလည်လား "
ခပ်ကြိတ်ကြိတ်စကားသံနှင့်အတူ ပေါက်ထွက်တော့မတတ်မေးရိုးထင်းထင်းက ဘယ်လောက်ထိဒေါသထွက်နေသလဲ ခန့်မှန်းလို့ရသည် ။ နောက်ပြီး စူးစူးရဲရဲစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေ.. ထိုမျက်ဝန်းတွေနဲ့တင် အသက်ပျောက်လို့ရသည် ။
" အစ်... "
အသံမထွက်နိုင်တော့ဘဲ မျက်ရည်တွေသာကျလာတဲ့ဂွန်းမိုရာက ဂျောင်ကုလက်ကိုတဖက်ဖက်ရိုက်ပြီး လွှတ်ပေးဖို့တောင်းပန်ရှာသည် ။ နားထင်ကြောတွေထောင်လာပြီး ပေါက်ထွက်တော့မတတ်နီရဲနေတဲ့မျက်နှာက ဒီတိုင်းသာမလွှတ်ဘဲဆက်ညှစ်ထားလျှင် မကြာခင်မိနစ်အတွင်းမှာ အောက်ဆီဂျင်ပြတ်တောက်ပြီး သေရလိမ့်မည် ။

YOU ARE READING
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...