vow-15

3.5K 297 47
                                        

Zawgyi //

နွေဦးကိုလှလှပပကုန်ဆုံးပြီးတော့ ကျောင်းဖွင့်ရာသီကိုပြန်ရောက်ခဲ့ပြန်ပြီ ။ main လမ်းမဘေးက ပလက်ဖောင်းပေါ်မှာ ထယ်ယောင်းရဲ့ခြေရာတွေ အရာပြန်ထင်ဦးမည်ပေါ့ ။

ဒီနှစ်တော့ ထယ်ယောင်းက ပြောင်းလဲသွားခဲ့ပြီ ။ အရင်နှစ်တွေကလို အချိန်ပိုင်းအလုပ်ကို ဟိုဟိုသည်သည် ပြေးလွှားနေစရာမလိုတော့ဘူး ။

ဂျောင်ကုရဲ့ကိုယ်ပိုင်ကုမ္ပဏီအသေးလေးမှာ ရှယ်ယာရှင်တစ်ဦးအနေနဲ့ သူသဘောကျတဲ့သစ်သားပိုင်းတွေကို လိုသလို ဒီဇိုင်းဆွဲပြီးပုံဖော်နိုင်ခဲ့ပြီ ။

" အွန်းထက်.. မနေ့ကမှာတဲ့ပစ္စည်းတွေ သေချာ ပါဆယ်ထုတ်ထားသလား "

" ဟုတ်ကဲ့ အစ်ကိုလေး "

ဂျောင်ကုရဲ့ မန်နေဂျာဆောအွန်းထက်ကလည်း Treatment UEA company ကနေထွက်ခဲ့ပြီး ဂျောင်ကုဆီမှာပဲ သူ့ရဲ့စုငွေလေးနဲ့ရင်းပြီး အတူတူစွန့်စားခဲ့တယ် ။ ကုမ္ပဏီအထမြောက်ခဲ့တာ အွန်းထက်ကြောင့်လို့လည်း ပြောလို့ရတယ် ။

ဂျွန့်ရဲ့ရုံးခန်းထဲက ကွန်ပျူတာထဲမှာကျန်ခဲ့တဲ့ item အသစ်တွေသာ အွန်းထက်ယူမပေးခဲ့ဘူးဆို ဂျွန်နဲ့သူ အခုအချိန်ထိ လမ်းဘေးမှာ ယောင်လည်လည်ဖြစ်နေခဲ့မှာ အသေအချာပဲ ။

" ငယ်.. ငယ် ဟိုတစ်နေ့ကဖန်တီးခဲ့တဲ့ show case ဒီဇိုင်းဆန်းလေးက အခု ဈေးကွက်မှာ အတော်လေး နေရာရနေပြီ ။ order တွေလည်း တက်လာပြီး ကုမ္ပဏီတစ်ခုကလည်း ကိုယ်တို့ဆီ ကမ်းလှမ်းလာတယ် ။ ကုမ္ပဏီကိုချဲ့ဖို့ ရင်းနှီးငွေထည့်ချင်တယ်တဲ့ ။ ရှယ်ယာဝင်မယ်လည်းပြောတယ် "

သူတို့ရဲ့ပင်တိုင်အစည်းအဝေးခန်းကျဉ်းလေးထဲကို စာရွက်စာတမ်းတွေကိုင်ပြီး အပြေးဝင်လာတဲ့ဂျွန်က စကားတွေကို အပြုံးမပြတ် တရစပ်ပြောနေတော့တာ ။ ဂျွန့်အပြုံးက သိပ်ပြီးလွတ်လပ်တယ် ။

" ဝမ်းသာစရာပေါ့ ။ ကုမ္ပဏီပူးပေါင်းတာ ဘာညာက ငါနားမလည်တဲ့အတွက် အွန်းထက်နဲ့ပဲကြည့်လုပ်လိုက်ပေါ့ ။ show case အတွက်က ဝန်ထမ်းတွေ အသစ်ထပ်ခန့်ဖို့လိုမယ်ထင်တယ် ။ အဲ့ဒါတော့ ငါ့တာဝန်ထားလိုက် "

' VOW '  ( completed )Tempat cerita menjadi hidup. Temukan sekarang