vow-06

4.5K 387 46
                                        

Zawgyi //

ထယ်ယောင်းရဲ့တစ်နေ့တာက အချိန်ပိုင်းအလုပ်ရယ် ကျောင်းရယ်နဲ့တင် ကုန်ဆုံးနေတယ်လို့ ပြောလို့ရသည် ။ တခါတလေ ကျောင်းချိန်တောင်မှမမှန်ပါ ။

ဒီနေ့တော့ ခြေချဖို့တောင် တခါမှမစဉ်းစားခဲ့ဖူးတဲ့ ကျောင်းပန်းခြံထဲကို ထယ်ယောင်းရောက်နေခဲ့သည် ။ ကုန်းမြင့်လျှောလျှောလေးမှာ လွယ်အိတ်ကိုဘေးချပြီး စိတ်ချလက်ချကို လှဲနေလိုက်သည် ။

ကောင်းကင်ကြီးက လှနေသလောက် ဘဝတွေက ဘာလို့ မလှရတာပါလိမ့် ။

" ထယ်.. ယောင်း..  "

" ဂျောင်ကု "

ထယ်ယောင်းက လှဲလျှက်နဲ့ပဲ ပြုံးပြသည် ။ ဂျောင်ကုက ထယ်ယောင်းမျက်နှာလေးကို ငုံ့ကြည့်ရင်း ထယ်ယောင်းနားမှာ ထိုင်ချလိုက်သည် ။ ထယ်ယောင်းကတော့ ထထိုင်ဖို့ပင် စိတ်ကူးမထားသည့်ပုံ ။

" ခေါင်းမနာဘူးလား ။ ခေါင်းအုံးငှားရမလား "

ဂျောင်ကုက သူ့ပေါင်ကိုပုတ်ပြရင်း ခပ်ပြုံးပြုံးစကားဆိုသည် ။ တကယ်က ထယ်ယောင်းရဲ့ခေါင်းကို ညင်ညင်သာသာမပြီး သူ့ပေါင်ပေါ်ဆွဲတင်ပစ်ချင်နေတာ ။

" အဲ့လိုလုပ်လို့ဖြစ်လား "

ပေါင်ပေါ်ရောက်လာတဲ့ခေါင်းလုံးလုံးလေးကိုလည်း ဂျောင်ကုက ညင်ညင်သာသာလေး ပွတ်သပ်ပေးချင်နေပြန်သည် ။ သို့သော်လည်း ရှိနေတဲ့အချိန်လေးပါပျက်စီးသွားမှာစိုးတာကြောင့် ဂျောင်ကုက မြေပြင်ပေါ်လက်ထောက်ထားရင်း စိတ်မလုံတဲ့သူတစ်ယောက်လို တံတွေးတွေခဏခဏမြိုချနေရတယ် ။

" ဒီနေ့က ဘယ်နရက်နေ့လဲ "

" 26 / January "

"  twenty-six !  သေချာမှတ်ထားနော် 26 ရက်နေ့က taekook friendship day "

ထယ်ယောင်းရဲ့စကားကြောင့် ဂျောင်ကုက ပါးစပ်အဟောင်းသားနဲ့ မှင်သက်နေသည် ။

" ထယ်..ကု !! ထယ်ကု လား "

" ထယ်ယောင်းနဲ့ ဂျောင်ကုမှတော့ ထယ်ကုပေါ့ "

ထယ်ယောင်းက ဂျောင်ကုပေါင်ပေါ်မှနေ မျက်လုံးလေးကိုမှေးစင်း၍ထားဆဲ ။

' VOW '  ( completed )Unde poveștirile trăiesc. Descoperă acum