vow-27

3.3K 283 23
                                    

Zawgyi //

" ငယ်.. နေမကောင်းဘူးလား "

အိမ်ပြန်ရောက်ရောက်ချင်း ဂျောင်ကုက ထယ်ယောင်းရဲ့နဖူးလေးကိုစမ်းကြည့်ပြီး ကုတင်ဘေးမှာဝင်ထိုင်လိုက်သည် ။ သူ့ငယ်က ကိုယ်တွေနွေးနေလေရဲ့ ။

" မင်း ပြန်လာသေးတယ်ပေါ့ "

ဘုဆတ်ဆတ်အသံက အိမ်ပြန်နောက်ကျ၍ စိတ်ကောက်နေသည့်ဟန် ။ နာရီကိုကြည့်တော့ ည 12 နာရီကိုမှ 15° လောက်ကျော်နေသည် ။

" အဟင်း.. ငယ်ကကိုယ့်ကိုစိတ်ကောက်နေတာပေါ့ ။ ဟုတ်လား "

ခေါင်းလေးကိုဖွဖွပုတ်ပြီး အူယားစွာပြုမူလိုက်ပေမယ့် ငယ်ကသူ့လက်ကိုပုတ်ချပစ်သည် ။

" မင်းရဲ့ သူများခန္ဓာကိုယ်ကိုထိပါးထားတဲ့အဲ့လက်နဲ့ ငါ့အသားကိုမထိနဲ့ "

" ငယ် ဘာတွေပြောနေတာလဲ ။ ကိုယ် ငယ်ပြောတာနားမလည်ဘူး "

ထယ်ယောင်းက စားပွဲပေါ်ကဖုန်းကိုယူပြီး ဂျောင်ကုရှေ့ကိုထိုးပေးလိုက်သည် ။

" ခုညမိတ်ဆုံစားပွဲဆိုတာလည်း အဲ့ဒီဂွန်းမိုရာတို့မိသားစုနဲ့ပဲမလား "

" မိုရာတို့မိသားစုလည်းပါပေမယ့်... "

" မကောင်းတဲ့ကောင် ။ မင်းကို သဘောမကျဘူးလို့ပြောထားတာတောင် အဲ့မိန်းကလေးနဲ့တွဲသွားတွဲလာလုပ်နေတုန်းမလား ။ အဲ့ဒါကြောင့် အခုလိုသတင်းတွေထွက်လာတာပေါ့ မကောင်းတဲ့ကောင်ရဲ့ "

ဖြေရှင်းဖို့အချိန်မပေးဘဲ ရင်ဘတ်ကိုလက်သီးဆုပ်လေးနဲ့ထုပြီးပြောနေတဲ့ငယ့်ကို ရင်ခွင်ထဲဆွဲဖက်လိုက်ရုံသာတတ်နိုင်တော့သည် ။ သူ့ကလေးလေးက ပါးပြင်မှာမျက်ရည်တွေလည်းရွှဲရွှဲစိုလို့ ။ ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်သလဲ ။

" ကိုယ် ဖြေရှင်းပေးမှာပါ ။ ကိုယ့်ကို ယုံတယ်မလား "

" မယုံဘူး ။ မင်းက ငါ့စကားတွေကို အဖတ်မလုပ်ဘူး ။ ငါ့ကိုပေးတဲ့ကတိလည်းတည်အောင် မလုပ်ဘူး ။ မကောင်းတဲ့ကောင် ။ ဘာလို့ မင်းအဖိုးရဲ့လောင်းရိပ်အောက်ပြန်ဝင်ရတာလဲ "

" ကိုယ် ငယ့်ကိုကတိမတည်တာမဟုတ်ပါဘူး ငယ်ရဲ့ ။ ကိုယ် အဖိုးနဲ့အပေးအယူလုပ်ခဲ့တာကြောင့်ပါ "

' VOW '  ( completed )Donde viven las historias. Descúbrelo ahora