Zawgyi //
အုံ့မှိုင်းမှိုင်းရာသီဥတုက မုန်တိုင်းတစ်ခုကိုအစပျိုးဖို့များ စစ်ရိပ်ဆင်နေလေသလား... ။
ကိုက်ခဲလွန်းနေတဲ့ခေါင်းကို လက်ဖနောင့်နဲ့နာနာထုပစ်လိုက်ပြီး ခါးပေါ်ကစောင်ကို ခွာပစ်လိုက်သည် ။ ဟပြဲလျှက်ရှိနေတဲ့အင်္ကျီရင်ဘတ်က ဘာလို့အရက်နံ့တွေဟောင်ဟိန်းထနေရတာလဲ ။ ညက သူ ဝိုင်နီတစ်ခွက်တည်းပဲ သောက်ခဲ့ရုံလေးပါ ။
နောက်ပြီး ဒါက....
" ငယ် ကိုယ် ညက အိမ်ကို ဘယ်လိုပြန်ရောက်လာခဲ့တာလဲ "
အိမ်ရှေ့ခန်းမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ငယ့်အနားကို လျှောက်သွားရင်း လှမ်းမေးလိုက်သည် ။ ငယ်က သူ့ကို လှည့်မကြည့် ။
" ငယ်.. "
" ဘယ်လိုဖြစ်ခဲ့မှန်းမသိအောင်ထိ သောက်ခဲ့တာလား "
" ကိုယ် ဝိုင်တစ်ခွက်ပဲ သောက်ခဲ့တာပါ ငယ်ရဲ့ ။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ဘယ်လိုဖြစ်သွားမှန်း ကိုယ်မသိတော့ဘူး "
" ငါ ပြောပြရမလား ။ အဲ့နောက်ပိုင်း ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို "
ငယ်ဘာတွေပြောနေသလဲဆိုတာ နားမလည်သည့်အတွက် ငြိမ်ငြိမ်လေးပဲ ဆက်နားထောင်နေမိသည် ။
" ညက မင်းကိုလာခေါ်ခိုင်းတာ ဂွန်းမိုရာပဲ ။ နောက်ပြီး ငါရောက်လာတော့ ငိုနေခဲ့တယ် ။ မင်းကတော့ သူ့အိပ်ရာပေါ်မှာ .. အဲ့လောက်ဆို မှတ်မိပြီလား "
" မဟုတ်သေးဘူး ငယ် ။ ငယ်တစ်ခုခုအထင်လွဲနေတာပဲ ဖြစ်ရမယ် ။ ကိုယ်နဲ့မိုရာနဲ့က ... "
" တော်တော့ ဂျွန် ။ မင်းရဲ့ဆင်ခြေတွေကို ငါ နားထောင်ချင်စိတ်မရှိဘူး "
" မဟုတ်ဘူး ။ ကိုယ်ပြောရမယ် ။ ငယ် ကိုယ့်ကို အထင်လွဲနေတာ ။ ကိုယ် မူးနေတာမှန်ပေမယ့် အဲ့လောက်ထိတော့ လွန်လွန်ကြူးကြူး မကျူးလွန်မိလောက်ဘူး ငယ် ။ ကိုယ်သိတယ် ။ ကိုယ် မိုရာ့အပေါ်မှာ လုံးဝမမှားခဲ့ဘူး "
" ဒါဆို မိုရာဆိုတဲ့အမျိုးသမီးက လုပ်ကြံပြောဆိုနေတာလား ဂျွန် ။ "
" ဂွန်းမိုရာကိုယ်တိုင်ပြောခဲ့တာလား ။ ကိုယ်တို့ လွန်ကျူးခဲ့ပါတယ်လို့လေ "
أنت تقرأ
' VOW ' ( completed )