Zawgyi //
ချွေးနံ့မပြယ်သေးသော ရင်အုပ်ကျယ်မှဖယ်ခွာလိုက်ရင်း ထယ်ယောင်းက တကျွတ်ကျွတ်မြည်အောင် ခပ်တိုးတိုးလေးညည်းညူသည် ။
" morning ဂျွန် ။ ကောင်းသော နိုးထခြင်းမဟုတ်ပေမယ့်လည်းပေါ့ "
ညာဘက်ပါးမို့မို့ကို ခပ်ဖွဖွနမ်းရင်း အိပ်ရာမှသူထွက်ခဲ့သည် ။
" ဘေလ်က ညကတည်းက တခါတည်းဆောင်သွားတာပါ အစ်ကိုလေး "
ဒီလိုဆိုတော့လည်း ထယ်ယောင်းပြုံးလိုက်မိပြန်သည် ။
" အခန်းထဲကလူနိုးလာရင် ကျွန်တော်ပြန်သွားပြီလို့ ပြောပေးပါ "
ထယ်ယောင်းက Clab ကိုနောက်ခိုင်းကာ သူနဲ့မသက်ဆိုင်တော့သည့်နေရာကဲ့သို့ ထွက်ခွာလာခဲ့သည် ။ အချိန်ပိုင်းအလုပ်ကလည်းရှိသေးတာမို့ mini market မှာ အကိုက်အခဲပျောက်ဆေးဝင်ဝယ်ကာ တပါတည်း သောက်ခဲ့လိုက်သည် ။
" ထယ်ယောင်း မင်းနဲ့တွေ့ချင်လို့တဲ့ "
စားသောက်ဗန်းလေးကို လက်ထဲကနေချရင်း ထယ်ယောင်းက ဆိုင်ထဲကို ဝေ့ဝဲကြည့်သည် ။
" ဗျာ... ကျွန်တော့်ကိုလား ။ ကျွန်တော့်မှာ တွေ့ရမယ့်သူ မရှိတာပဲကို "
ဆိုင်ထဲကိုရှာကြည့်ရင်းလည်း ဂျောင်ကုများလားဟု ရင်ထဲမှလှိုက်ဖိုစွာ တွေးလိုက်မိပါသေးသည် ။
" သူနဲ့တွေ့ပြီးရင် မင်းဒီနေ့ပြန်နားလိုက်ပေါ့ ။ သွား.. သွား အေးဆေးစကားပြောလိုက်ဦး "
ဆိုင်သူဋ္ဌေးက လက်ထဲက ပိုက်ဆံအထပ်လိုက်ကိုနမ်းရင်း ပြုံးရွှင်စွာစကားဆိုလာသည် ။ သူလည်း ယောင်နနနှင့် စားပွဲထိုးဝတ်စုံကိုချွတ်ရင်း သူ့ကိုတွေ့ချင်ပါသည်ဆိုသောသူထံသို့ ဦးတည်လိုက်သည် ။
" မင်းက ဂင်ထယ်ယောင်းဆိုတာလား "
အမျိုးသမီး၏မျက်ဝန်းတွေသည် eye-shadow အရောင်ကြောင့် ပြိုးပြိုးပျက်ပျက် လင်းလက်နေကြသည် ။ ချယ်ရီသီးမှည့်ရောင် အနီရင့်ရင့်နှုတ်ခမ်းတစ်စုံကိုတော့ စေ့စေ့ကလေး တင်းပိတ်ထားသည် ။ ထိုအမျိုးသမီးကို သူ မသိပါ ။
" မင်းနဲ့ငါ့သားရဲ့ပက်သက်မှုက ဘယ်အတိုင်းအတာအထိရှိနေပြီလဲ ။ "

YOU ARE READING
' VOW ' ( completed )
Fanfictionအမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့ သူ့နှလုံးသားထဲမှာ နေရာယူနေတော့တာပါပဲ ။ အမုန်းတရားဆိုတာ ချစ်ခြင်းမေတ္တာထက် နှလုံးသားထဲမှာ ပိုပြီးနေရာယူတတ်ကြတယ်မလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျွန်ကတော့...