ကျွန်တော်နားလည်သောအချစ်

935 31 4
                                    

~ဒီ အဖြစ်အပျက်တွေဟာ တက္ကသိုလ် ဆိုတဲ့ ကျောင်းတော်ကြီးကို ခြေချမိတဲ့ အချိန်ကတည်းက စတင်ခဲ့တာပေါ့ တစ်ခါမှ အချစ်နဲ့ မထိတွေ့ခဲ့ဖူးတဲ့ ကျွန်တော့်ကို ဘုရားက ကောင်းချီးပေးလိုက်တယ်ထင်ပါရဲ့

ကျွန်တော့် ဘ၀မှာ အရေးပါဆုံးသူကို ဒီ တက္ကသိုလ်မြေ မှာဘဲ ရှာဖွေတွေ့ရှိခဲ့တယ် ကျွန်တော် မြတ်နိုးရတဲ့သူက ဆံပင် ညိုကောက်ကောက်လေးဗျ မျက်၀န်းလေးကလည်း အညိုရောင် အရပ်က ကျွန်တော်နဲ့ မတိမ်းမယိမ်းဘဲ နှုတ်ခမ်းပေါ်မှာလည်း မှည့်နက်လေးပါသေးတယ်ဗျာ ပြီးတော့ ကျောင်းရဲ့ အလှဘုရင် လို့သတ်မှတ်ခံထားရပြီး‌ကောင်မလေးတွေ သဲသဲလှုပ်ချစ်ခံရတဲ့ သူပေါ့ အရပ်စကားနဲ့ပြောရရင်တော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ပေါ့ဗျာ

ဒီလိုပြောလိုက်လို့ ခင်ဗျားတို့တစ်ခုခုကို တွေးနေကြပြီမလား ဟုတ်ပါတယ် ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော့်ဘ၀ရဲ့ အရေးပါဆုံး တန်ဖိုးထားရတဲ့ သူဟာ ယောက်ျားလေးတစ်ယောက်ပါ ကျွန်တော့်ဘ၀အတွက် ရွေးချယ်လိုက်တဲ့သူက ယောက်ျားလေးတစ်ယောက်ဖြစ်တာမို့ ခင်ဗျားတို့ ကျွန်တော့်ကို လှောင်ရယ်ချင်
ရယ်နေလိမ့်မယ်

ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ တိုတောင်းလှတဲ့ လူ့ဘ၀မှာ ကိုယ်ချစ်တဲ့သူနဲ့အတူ ဖြတ်သန်းခွင့်ရတာလည်း ကံကောင်းခြင်းတစ်ခုဘဲလေကိုယ်‌ရွေးချယ်လိုက်တဲ့ ကိုယ့် ဘ၀ရဲ့ လက်တွဲဖော်ဟာ အမျိုးသမီး ဖြစ်ရမယ် အဲ့လို ပညတ်ချက်တွေမလိုပါဘူး ကိုယ်တကယ်ချစ်ရတဲ့သူက အမျိုးသားတစ်ယောက် ဖြစ်ချင်လည်း ဖြစ်သွားနိုင်တာဘဲ မဟုတ်လားလေ

အဓိကက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး ချစ်နေဖို့ဘဲ လိုတာ မဟုတ်လားဗျာ အဲတာကြောင့်ရှင်းရှင်းပြောရရင် ကျွန်တော် သူစကားက လွဲပြီး ဘယ်သူ့စကားကိုမှ အရေးမစိုက်ပါဘူးဗျ ပတ်၀န်းကျင်ရဲ့ အပုပ်ချစကားတွေကိုလည်း ခံနိုင်ရည်ရှိလာပြီ

အကြောင်းအရင်းက
ကျွန်တော့်ဘေးမှာ သူရှိနေလို့ပါ ကျွန်တော်တို့
ဒီလိုအခြေအနေကို လွယ်လွယ်ကူကူရောက်လာတာ မဟုတ်ပါဘူး

ညှို့Where stories live. Discover now