Part 6

232 13 0
                                    

ဝါး မွှေးလိုက်တာ
လင်းညို ဘာတွေလုပ်နေလဲမသိ ဗိုက်တောင်ဆာလာပြီ

"လင်းညို"

ကျွန်တော် စွာတေးကိုကြည့်လိုက်သည် ဆံပင်က ကြက်မဥတွင်းကြီးလိုဖြစ်နေပြီး မျက်လုံးမှာကလည်း မျက်ချီးတွေအပြည့် ဘယ်သူယုံမှာလဲ အခုမြင်နေရတဲ့သူက တစ်ကျောင်းလုံးရဲ့
အလှဘုရင်ဆိုတာ ဒါပေမယ့်သွားလေးစိပြီး ကျွန်တော့်ကိုပြုံးပြနေတာလေးက တစ်မျိုးတော့ချစ်စရာ

"နီကိုးလ် နိုးပြီလား ညကအိပ်လို့ရောပျော်ရဲ့လား"

ကျွန်တော်ရွဲ့ပြီး မေးလိုက်ခြင်းဖြစ်သည် အိပ်ပျော်တာမှ ဟောက်သံအကျယ်ကြီးပါကြားရတဲ့အထိ ပြီးတော့ယောင်ပြီး တစ်ခါတစ်ခါ ဗိုက်ကို လာလာပွတ်သေးတယ် ဒီက ခံရတဲ့သူက သွေးတွေပြောင်းပြန်စီးနေပြီး အူထဲအသည်းထဲဘာမှမရှိတော့သလိုဘဲ စွာတေးကျေးဇူးကြောင့် ကျွန်တော်ညက တစ်ညလုံးမအိပ်ပျော်ဘဲ သူ့မျက်နှာလေးဘဲ ကြည့်နေခဲ့ရပါသည်

"အိပ်ပျော်ပါတယ်ကွာ တကယ်တော့လေ ငါက နေရာပြောင်းရင် သိပ်အိပ်မပျော်တတ်ဘူးကွ ဒီနေရာတော့ ငါနဲ့တည့်တယ် ထင်တယ် အတန်းအိပ်ပျော်သွားတာဘဲ"

"ဟုတ်ပါပြီ သွားတိုက်တံ ၀ယ်ထားပေးတယ် မျက်နှာသစ်သွားတိုက်ပြီး ထမင်းကြော်
ပူပူလေးစားပါဗျ"

"ရေး လင်းညို အကောင်းဆုံးဘဲ"

ပြောပြီး ကျွန်တော့်မျက်နှာကို ဇွတ်လာနမ်းတော့သည် ကျွန်တော့်မှာမနေတတ်မထိုင်တတ်ဖြစ်ရပြန်သည်

"နီကိုးလ် ဖယ်ကွာ ညစ်ပတ်လိုက်တာ မျက်နှာ
လည်းမသစ်ရသေးဘဲနဲ့ လာနမ်းနေတယ်"

"အဲ့တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ"

မလုပ်ပါနဲ့ဆိုမှ ပိုလုပ်နေတော့ ကျွန်တော် သူ့လက်ကိုချုပ်ပြီး ကိုယ်ကို ဆွဲလှည့်လိုက်သည် အရပ်ချင်းမတိမ်းအယိမ်းဆိုတော့ ကြည့်ရတာ နည်းနည်းကိုးရိုးကားယား နိုင်ပေမယ့် စွာတေးက ကျွန်တော့်ရင်ခွင်ထဲရောက်နေခဲ့ပါသည် အဲ့လိုလုပ်လိုက်မှ အခြေအနေပိုဆိုးလာတော့သည်
စွာတေးရဲ့ ဂုတ်သားဖြူဖြူလေးတွေက လူကို နမ်းချင်အောင် ညှို့နေသလို ကျွန်တော် ချွေးပင်ပြန်ချင်လာသည်

ညှို့Where stories live. Discover now