Part 11

221 12 0
                                    

စွာတေး စိတ်ကောက်သွားပြီထင်ပါရဲ့ ခုချိန်မှာ ဒီမိုးမိလည်း ကျွန်တော်ဂရုမစိုက်တော့ပါ ခု အရေးကြီးတာက မြတ်နိုးရာလေး စိတ်ကောက်ပြေဖို့ပင်မဟုတ်ပါလား
ခြေထောက်နာတာတောင်မပျောက်သေးဘဲ ဘယ်လိုကနေ ဘယ်လို ရောက်လာပါလိမ့် မိုး‌ရေ ထဲပြေးတော့ ဖျားမှာက စိုးရိမ်ရသေးသည် ခြေထောက်နာနေတဲ့သူကိုတောင် လိုက်မမှီနိုင်တာက နည်းနည်းတော့ မဟုတ်သေးဘူး ကိုယ့်ကိုပင် စိတ်တိုလာရတော့သည် ကျွန်တော် စိုးရိမ်စိတ်များစွာနဲ့ လိုက်နေချိန်မှာဘဲ

"အ"

ခြေထောက်က မခံနိုင်တော့ဘူးထင်ပါရဲ့
မြတ်နိုးရာလေး လဲကျသွားတော့ စိုးရိမ်စိတ်က နှစ်ဆ ကြီးထွားလာရပြန်သည် အပြေးအလွှား ရောက်သွားတာက ချစ်ရသူရှိရာဆီသို့

"မှန်းစမ်း နီကိုးလ်
လာ ကိုယ့်ကျောပေါ်တက်"

လူမြင်ကွင်းကြီးမှာမို့ ချီသွားဖို့က မသင့်
ဒါကြောင့်ကျောပေါ်တက်ဖို့သာ ပြောရတော့သည် ပြောတာကို နားမထောင်ဘဲ ပေစောင်းစောင်းနဲ့ ကျွန်တော့်ကို ကြည့်နေပြန်သည် မိုးရေထဲမှာ ကြာရင် အအေးပတ်တော့မှာဘဲ ကျွန်တော် စိတ်မရှည်တော့

"နီကိုးလ် ပြောနေတာ မကြားဖူးလား ကျောပေါ်တက်လို့ အအေးပတ်နေမယ် လာပါ"
"ဖယ် ငါ့အသားကို မထိနဲ့ လူလိမ်ကောင်"

ကျွန်တော် စိတ်တိုမိပြီ တော်ရုံရစ်တာလောက်ဆို အကြောင်းမဟုတ်ဘူး ခုက မရစ်သင့်တဲ့အချိန်လာရစ်နေတာ ဟော ကျွန်တော့်ကိုပါ လူလိမ်ကောင်လို့ စွတ်စွဲနေပြန်ပြီ

"နီကိုးလ်"

ခြေထောက်ထော့နဲ့ထော့နဲ့ နဲ့ တစ်ယောက်တည်း ထသွားနေပြန်ပြီ တကယ် ကျွန်တော်ချစ်ရတဲ့သူက အသေခေါင်းမာတာပါ ဒီတိုင်းဆို အအေးပတ်ပြီး ဖျားဖို့ဘဲရှိတော့တယ် မတတ်နိုင်တော့ သူ့‌နောက်ကို အမြန်လိုက်ပြီး လက်ကို ဖမ်းဆွဲလိုက်ရတော့သည်

"လွှတ် ငါ့လက်ကိုလွှတ်"

ကြည့် ဒေါသတကြီးနဲ့ ကျွန်တော့်ကို အော်ပြန်ပြီပတ်၀န်းကျင်က လူတွေက ပြူးပြီးကြည့်နေလည်း ဂရုမစိုက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့
စွာတေးက ဂရုမစိုက်‌ပေမယ့် ကျွန်တော်ကတော့ ချစ်ရသူကို အဲ့လိုကြည့်တဲ့ အကြည့်တွေကို
မကြိုက်ပါ

ညှို့Where stories live. Discover now