ငယ် ဆိုရမယ့်အလှည့်ရောက်လာတော့ ကျွန်တော် လှည့်ထွက်ပြေးဖို့ကြံတယ်။ နို့မို့ဆို ဒီကကောင်က ငယ့်ကို ဆွဲထားချင်နေဦးမှာ..သို့သော်လည်း နှလုံးသားကမရ နောက်ဆုံးအနေနဲ့ ငယ့်ရဲ့ သီချင်းသံကို နားထောင်ချင်မိတယ်။ ငယ် ပြောလိုက်တယ် ဒီသီချင်းက တစ်စုံတစ်ယောက်အတွက်တဲ့ ။ ငယ် က ထွက်သွားမယ့်သူကို နောက်ဆံတင်းအောင် လုပ်တဲ့ နေရာမှာ သိပ်တော်တာဘဲ ။ သီချင်းတစ်ပုဒ်လုံး ဆုံးသွားတယ် ကျောင်းသား ကျောင်းသူတွေရဲ့ အသံတွေ တစ်ဖန် ပြန်ဆူညံလာတယ် ။ သို့သော် ကျွန်တော့် အတွေးထဲမှာတော့ ငယ် ဆိုသွားတဲ့ သီချင်းရဲ့ အဓိပ္ပါယ်ကိုသာ ထပ်တလဲလဲ စဉ်းစားနေမိတယ် ။ ပြီးနောက် ဖုန်းကနေ record ဖမ်းထားတာလေးကို ပိတ်လိုက်ပြီး ငယ် မရှိရာ အရပ်ဆီသို့ ပြေးထွက်ခဲ့တယ် ..ကျွန်တော့်ကြောင့်ငယ့်ကို မပင်ပန်းစေချင်တော့ဘူး။
အဟွန်း ဒေါ်မိုးကလျာ ခင်ဗျားမှားသွားပြီ သူတို့နှစ်ယောက်က တကယ်ပြတ်သွားပြီ ! ဘယ်လောက်ကောင်းလိုက်သလဲ ဘာမှမလုပ်ရဘဲနဲ့ကို ပြတ်သွားတာ အေးလေ စပြီး ချည်နှောင်ကတည်းက တင်းတင်းမှ မချည်ထားဘဲ ခုချိန်ကစပြီး ကိုးလ် ဆိုတာ ငါ့တစ်ယောက်တည်းအတွက်ဘဲ ....
"ဟယ် ကိုးလ် လေး အလည်လာတယ်
ကိုးလ်လေး ဒီနေ့တော့ ကြီးမြ
လက်ရာစားသွားနော်""စားမှာပေါ့ ကြီးမြရဲ့ ကိုးလ်ရော ဝိုင်းကူ
လုပ်ပေးမယ်လေ ""ဟုတ်ပါပြီ ဟုတ်ပါပြီ"
ဟင် ဟိုကောင်လေး အိမ်ပြန်လာတာလား
အရှုပ်ထုပ်တွေ ပေါ်လာပြန်ပြီ အား...
စိတ်တိုလိုက်တာ ..."သား ကိုးလ် အဖေ့နားလာပါဦး "
"သွားသွား ကိုးလ်လေး ကြီးမြတစ်ယောက်တည်း ဒါတွေ လုပ်နိုင်ပါတယ်"
ဟင် ဟိုဘိုးတော်က သူ့သားကို အခန်းထဲ ခေါ်ပြီး အမွေတွေပေးမလို့လားမသိ ။ မဖြစ်ဘူး မဖြစ်ဘူး ငါက လက်ဦးမှုရအောင် ချောင်းနားထောင်မှ
"ထိုင်ပါဦးကွယ် "
"ဟုတ်"
"သား တကယ်ဘဲ အဖေ့ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာလား ? "
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~