Part 5

236 12 0
                                    

"နီကိုးလ် ဒီကိုလာဦး"

ဟွန်း ဒီနေ့မှ ထူးထူးခြားခြား အိမ်ပြန်လာတဲ့သူက လာဦးတဲ့

"ဘာလဲဗျာ"

"ဒီည မင်းအမေလေး နဲ့ ညစာတူတူစားရမယ် "

"ကျွန်တော့်မှာ အမေတစ်ယောက်ဘဲရှိတယ်"

"မင်းအဖေကို ဘယ်လိုပြန်ပြောနေတာလဲ"

"ခင်ဗျားကရော အဖေနဲ့တူအောင်နေခဲ့လို့လား ကိုယ့်ဇနီးတစ်ယောက်လုံးဆုံးတာတောင် ‌ဟိုတယ်မှာ ပျော်ပါးနေခဲ့ပြီး သား ရှိတဲ့ အိမ်ကို တစ်ချက်တောင်ပြန်မလာတာ အဖေလို့ခေါ်ထိုက်ရဲ့လား ကိုယ့်ကို ပြန်စဉ်းစားပေါ့"

"သားလေး ကိုးလ်ရယ် အဖေကို အဲ့လိုမပြောရဘူးလေ"

"ခင်ဗျား၀င်မပါနဲ့ ပြီးတော့ ကျွန်တော်က ခင်ဗျားသားမဟုတ်ဘူး ဒေါ်မိုးကလျာ ဟွန်း ခင်ဗျားကတော့ ပျော်နေမှာပေါ့လေ အသက်ကြီးကြီး ယောက်ျားကို သိမ်းသွင်းထားပြီး အမွေတွေ ရမှာဆိုတော့ ခင်ဗျားဟာ ခင်ဗျား သူများငွေတွေနဲ့ ဘယ်လောက်ချမ်းသာပြီး အထက်တန်းဆန်‌နေပါစေ မြဲမြဲမှတ်ထား ပိုင်းလုံးမ ဟာ ပိုင်းလုံးမဘဲ"

"နီကိုးလ် ကဲကွာ ခွပ်"

အဖေ့ ထိုးချက်ကြောင့် ကျွန်တော့် မျက်နှာချာခနဲ လည်ထွက်သွားပြီး နှုတ်ခမ်းက သွေးစ အနည်းငယ်ထွက်လာသည် ဟွန်း အဖေ့
ကောင်မကို ထိတော့ နာတယ်ပေါ့လေ ကိုယ့်‌သားကိုတောင် ပြန်ထိုးရလောက်တဲ့အထိလား

"မင်း မင်း ငါ့အိမ်ကနေထွက်သွား မင်းလို
ကောင်က ငါ့စေတနာနဲ့မတန်ဘူး သွား"

"သွားမှာပါ ပူလောင်မှု တွေ လောဘ ဒေါသတွေပြည့်နေတဲ့ အိမ်မှာလည်း ကျွန်တော်မနေချင်ပါဘူး  အော် ရော့ ဒီမှာ ကားသော့ Bank _card phone လက်စွပ် အကုန်ထားခဲ့တယ် ကျွန်တော်က ခင်ဗျား ဟာမလို ငွေမမက်ဘူး ၀တ်တရားအရတော့ မှာခဲ့မယ် ကျန်းကျန်းမာမာနေပါ ကျွန်တော်သွားပြီ"

ကျွန်တော် တစ်နေကုန် စိတ်ပေါက်ရာ လျှောက်သွားနေခဲ့သည် ဟိုကောင်တွေဆီ ဖုန်းဆက်ဖို့လည်း ဖုန်းက မပါလာ ပိုက်ဆံကလည်း တစ်ပြားမှမပါ ချီးဘဲ ကိုယ့်ကို စတိုင်လ်နဲ့ ထွက်လာတာတော့မှန်ပေမယ့် ဖုန်းတော့ ယူခဲ့သင့်တယ်
ဒါပေမယ့် အဖေ့ဟာမရှေ့မှာ တစ်ကွက်ပြခဲ့ရလို့တော့ ကျေနပ်တယ် တွေးရင်းကိုယ့်ကို ဂုဏ်ယူနေမိသည်

ညှို့Where stories live. Discover now