Part 10

217 12 0
                                    

"ဝါး အာ ကျွတ် ကျွတ် ခေါင်းကိုက်လိုက်တာ"
"နိုးပါပြီလား ကိုယ်တော်လေးအမူးပြေရန်သုံးဆောင်ဖို့ စွတ်ပြုတ်ကို အထိန်းတော်ကြီးကိုယ်တိုင် ပြင်ဆင်ပေးထားပါတယ် မျက်နှာတော် သစ်ပြီးရင် သုံးဆောင်တော်မူပါ"

"ဟမ် ဟမ် ခေါင်းကိုက်ပါတယ်ဆို ဘာအထိန်းတော်တွေလာပြောနေတာလဲ အာ ကျွတ် ကျွတ်"
"ဒါဆို ညက အကြောင်းဘာမှ မမှတ်မိဘူးလား"
"အင်....ညက ဟိုကောင်တွေနဲ့အရက်သောက်တယ် ငါ မူးပြီးမှောက်သွားတယ် အဲ့ဒါဘဲလေ"
"တကယ် တစ်ခြား ဘာမှမမှတ်မိတော့ဘူးလား"
"အော် မမှတ်မိပါဘူးဆို ခက်ပြီ
တော်‌ပြီတော်ပြီ ငါ့ကို အ၀တ်လေးတောင် မလဲထားပေးချင်တဲ့သူနဲ့ စကားကို မပြောချင်ဘူး"

ဟူး ညက သူလေး နိုးမှာစိုးလို့ အ၀တ်မလဲပေးထားတာက ကိုယ့်အပြစ်ဖြစ်သွားပြန်ပြီ
ကောက်စိန်ကတော့ မနက်က‌တည်းက ကောက်တော့တာဘဲ စိတ်ကောက်ချက်ကတော့ သူ့ဆံပင်ကောက်ကောက်တွေတောင် လိုက်မှီပါ့မလား

"အ ဘုန်း"

ကျွန်တော် အိပ်ယာသိမ်းရင်း တွေးနေတုန်းမှာဘဲ ရေချိုးခန်းထဲက ဘုန်း ဆိုတဲ့ အသံကြားတော့ လန့်သွားသည် သိပ်မကြာပါဘူး အသံဆာဆာလေးထွက်လာတော့သည်

"အဟင့် အဟင့် အမေရေ အီးဟီးဟီး"

ကျွန်တော် ပျာယာခတ်ရပြန်ပါသည် တကယ်ပါ နီကိုးလ်ဆိုတဲ့လူသားလေးဟာ ကျွန်တော့်ကို စိုးရိမ်အောင် အမြဲလုပ်တတ်ပါသည် ကျွန်တော်ကြာကြာတွေးမနေတော့ဘဲ မြန်မြန်လှမ်းလာခဲ့တာက စွာတေးရှိရာ ရေချိုးခန်းဆီသို့

"ဒုန်း ဒုန်း နီကိုးလ် ဘာဖြစ်တာလဲ"
"အီးဟီးဟီး ချော်လဲတာ ငါ့ခြေထောက်တော့ကျိုးပြီလားမသိ အီးဟီးဟီး"
"နီကိုးလ် ကိုယ် ၀င်လာလို့ရတယ်မလား"
"နိုး......."

စွာတေး အော်သံကြောင့် ကျွန်တော်ပင် လန့်သွားသည်

"ဘာလို့လဲ ကိုယ်၀င်လာမှ စွာတေးကို အပြင်ထုတ်လို့ရမှာပေါ့ ခု လမ်းမလျှောက်နိုင်ဘူးမလား ကိုယ် ၀င်လာပြီနော်"
"ဟင့်အင်း......."

"ဘာလို့လဲ ကိုယ့်ကို စိတ်ဆိုးပြေပါတော့ကွာ မဟုတ်ဘူး စိတ်ဆိုးရင်လည်း ‌နောက်မှဆိုးတော့ ကြာရင် အအေးပတ်လိမ့်မယ် ကိုယ် ၀င်လာလိုက်မယ်နော်"
"ချီးထုပ်ကောင် လင်းညို ငါမင်းကို စိတ်ဆိုးနေတာ မဟုတ်ဘူးကွ"

ညှို့Where stories live. Discover now