"အားလုံးနားထောင်ကြပါ တက္ကသိုလ် တက်တာ တစ်ပါတ်ပြည့်ပြီဖြစ်တဲ့အတွက် ကိုယ်ဝါသနာပါတဲ့ အသင်းတွေကိုလည်း ၀င်ခွင့်ရှိတယ် အဲ့တော့ ကိုယ်၀င်ချင်တဲ့အသင်းကို
စီနီယာ အစ်ကို အစ်မတွေနား စာရင်းသွားပေးလို့ရပါပြီ""ရေး ဟိတ် နီကိုးလ် ဇေယျ မင်းတို့ဘယ်အသင်း၀င်မှာလဲ"
"ကောင်းဆက်ကလည်း မေးနေစရာလိုသေးလား ရေကူး အသင်းဘဲ၀င်မှာပေါ့ အာ့မှ ကောင်မလေးတွေကို ငမ်းရမှာ ဟဲဟဲ "
"အဲတာဆို ရှိတ်ခ်လိုက်တော့ မိုင်ဖရန့်"
"ဟိတ်ကောင် နီကိုးလ် မင်းရောလို့ သူများတကာ အဲလောက်စိတ်လှုပ်ရှားနေတာတောင် သူက အိပ်တုန်းဘဲ သူ့ကိုတော့တကယ် လက်လန်တယ် ဒါနဲ့ လင်းညို မင်းရော ဘယ်အဖွဲ့ ၀င်မှာလဲ"
"Basketball ထဲ ၀င်ရမလားလို့"
"ဟွား ငါလည်း Basketball ထဲဘဲ၀င်မှာ"
"နီကိုးလ် မှန်းစမ်း အဖျားလည်းမရှိပါဘူး မင်းပုံမှန်ရော ဟုတ်သေးရဲ့လား"
"ပုံမှန်ပါဘဲ ဘာဖြစ်လို့လဲ"
"မင်း Basketball မှ မဆော့တတ်တာ ချီးထုပ်ရဲ့
မဆော့တတ်ဘဲ ဘယ်လို၀င်မှာလဲ""မဆော့တတ်လည်း ဘာဖြစ်လဲကွာ သင်လိုက်မှာပေါ့"
"မဆော့တတ်ရင် မဆော့တာကောင်းတယ် Basketballဆိုတာက ညစ် တဲ့သူများတယ် မင်း အနာတရ ဖြစ်နေမယ် ကိုယ်က သဘောပြောတာပါ"
စိတ်ပူရင် ပူတယ်ပေါ့ ဘာလဲ သဘောပြောတာ ဧကန လင်းညို ဆိုတဲ့ကောင် ငါ့ကိုများကြွေနေလားမသိ
"အနာတရ ဖြစ်မှာစိုးရင် လင်းညိုက ကာကွယ်ပေးပေါ့ "
ကျွန်တော် ခပ်တည်တည်နဲ့ စ လိုက်တော့ နှစ်ကောင်သားက ပါးစပ်အဟောင်းသားနဲ့ ကြည့်နေပြီး လူရိုးကြီး လင်းညိုကတော့ မျက်နှာကြီး နီပြီး ရှက်နေလေရဲ့ ဒါလေး စ တာကို မနေတတ်မထိုင်တတ်ကြီး ဖြစ်နေတာ သေချာပါပြီ လင်းညို ဆိုတဲ့ကောင် ငါ့ကို ကြိတ်ကြွေနေတာဘဲ
{ကွန်ဖီးဒပ် လယ်ဗယ်က စိုးဟိုက်🥴}
"စ တာပါကွာ ကိုယ့်ကို ကာကွယ်နိုင်ပါတယ် ကွ ငါလည်း ယောက်ျားဘဲ"
YOU ARE READING
ညှို့
Romance~ကိုယ့်ရဲ့ဘ၀ထဲကို အမှတ်မထင်ဘဲကောင်လေးတစ်ယောက်၀င်ရောက်လာခဲ့တယ် ညှို့ချက် ပြင်းတဲ့ အဲ့ကောင်လေးရဲ့ နာမည်က နီကိုးလ် တဲ့လေ~