part 26

169 7 0
                                    

"Tuu ..Tuu...Tuu"

"ခင်ဗျား ဘာဖြစ်ချင်နေတာလဲ "

"အို ဒို့ ဖြစ်ချင်တာကို တကယ်မသိလို့
မေးနေတာလား "

"တောက် ခင်ဗျား အဲ့အကြောင်းကို ကိုးလ်ကို သွားပြောမယ်မကြံနဲ့နော် "

"ပြောသင့်ရင်ပြောရမှာဘဲလေ မင်းမှ ဒို့ပြောတာကို လက်မခံဘဲ.."

"ကျစ် ၊ လက်ခံတယ် ဒါပေမယ့် ခင်ဗျားအစီ
အစဥ်ထဲ ကိုးလ် ကို ထိလို့က‌တော့ ခင်ဗျားကို ခွင့်မလွှတ်ဘူး "

"မိုးကလျာ ဆိုတဲ့ မိန်းမက ကိုယ် လိုချင်တဲ့အရာ လမ်းမှာ ပိတ်ထားသမျှကိုတော့ ဖယ်ရှားရမှာဘဲ မထိစေချင်ရင် ကိုယ့်ကိုနိုင်အောင်ထိန်းလေ "

"အဟွန်း. ဒါနောက်ဆုံးအကြိမ်သတိပေးခြင်းဘဲ ခင်ဗျားဘာကြီးဘဲဖြစ်နေနေ ကိုးလ် ကိုထိသမျှ လူတိုင်းကိုတော့ ကျုပ်ဆိုတဲ့ ကောင်ကအရှင်မထားဘူး ဒါကိုသေချာမှတ်ထား "

"အိုခေ အိုခေ စိတ်တော့ကြီးသားဘဲ ဒို့က စ လိုက်တာ အဲ့ကောင်လေးကို မထိရင်ရပြီမလား ။ သဘောတူညီချက်ကို လက်ခံလိုက်ပြီဆိုတော့ အပြင်မှာ လူချင်းတွေ့ပြီး အစီအစဉ်ဆွဲမယ် မင်း ဘယ်နေရာမှာတွေ့ချင်လဲ "

"*******နေရာ ၊ ညနေ ၄:၀၀ "

"အိုခေ see you "

ဟူး...‌ေလပူ‌ေတွနဲ့အတူ သက်ပြင်းတစ်ချက်ချလိုက်သည်။ကိုးလ် အခုငါလုပ်နေတာတွေကမှန်တယ်မလား ? မင်းအဖေကိုတော့ ငါ မကာကွယ်ပေးနိုင်လောက်ဘူးထင်တယ် ဒါပေမယ့် မင်းကိုတော့ ငါက ကာကွယ်ပေးမယ် ။  သန့်စင်ခန်းက မှန်ရှေ့မှာ ကိုယ့်ကိုရပ်ပြီး ပြောနေမိသည်။
ကိုးလ် ...ဒေါ်မိုးကလျာ ဆိုတဲ့ မိန်းမကို မင်းအနားက ငါအပြီးရှင်းပေးမယ် ခဏဘဲစောင့်...

အဟက် အဲ့ကောင်လေးက မိုးကလျာဆိုတဲ့ငါ့ကို အလျှော့တွက်ထားတာဘဲ .. ငါကမင်းပြောတိုင်းလုပ်မယ်လို့ထင်နေတာလား ။ အဟက် သူ့ကို ကြောက်မယ်လို့ထင်နေပုံဘဲ အပေးအယူပြီးတာနဲ့ မင်းရဲ့ ချစ်လှစွာသော နီကိုးလ် ဆိုတဲ့ ကောင်လေးကိုပါ ရှင်းပေးမယ်

ပူးပေါင်းခဲ့သော လူနှစ်ဦးရဲ့ နှုတ်ခမ်းထက်က အပြုံးများက အကျည်းတန်လွန်းလှသည်။

ညှို့Where stories live. Discover now